ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး။

ယေဘုယျအားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်းအမျိုးသားများတွင်
အဖြစ်များလေ့ရှိသည်။ သို့ သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ အားစိုက်လွန်း၍ကြွက်သား
နှင့်အကြောများဒဏ်ဖြစ်ခြင်း၊ အ၀လွန်၍ ဗိုက်တွင် အဆီစုဝေးခြင်းတို
့ကြောင့်လည်း သက်ကြီးပိုင်း သာမက၊ သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ တို
့ခါးနာတတ်ကြသည်။ ထို့ ပြင် သားအိမ်ပတ်ဝန်းကျင် အရိုးနှင့်ကပ်နေ သည့်အရွတ်များ
ဆွဲဆန့် ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးနီပါး ခါးနာလေ့ရှိကြသည်။
နာတာရှည် ခါးနာလာပြီ ဆိုမှဖြင့်၊ အအိပ်ပျက်-အစားပျက်-အလုပ်ပျက်ကာ
ခံစားရသူအဖို့  ပင်ပန်းခက်ခဲရုံမက၊ ဘေးမှမြင်ရသူအဖို့ လည်း စိတ်မသက် သာလှပေ။
ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်ရောဂါများကြောင့်လည်း
ခါးနာတတ်ပေရာ၊ ဝေဒနာမပြင်းထန်ခင် ကုသမှုခံယူရင်း အောက်ပါ အိမ်တွင်းကုထုံးများဖြင့်
သက်သာနိုင်ကြပါစေရန် မျှဝေလိုက်ရပါသည်။
ခါးနာသည့်နေရာသို့ ရေနွေးအိတ်ကပ်ပေး၍၊ ပူနွေးသော
အစားအစာများကို စားပေးပါ။ ထမင်းစားသည့်အခါတိုင်း ကြက် သွန်ဖြူစားပေးပါ။ ခါးနာခြင်းအတွက်
ပင်စိမ်းရွက်က အကောင်းဆုံး သမားတော် ဟု အဆိုရှိရာ၊ ပင်စိမ်းရွက်ကို ၂-ခွက်
၁-ခွင်တင်ပြုတ်၍ အအေးခံကာ ဆားအနည်းငယ် ထဲ့သောက်ပါ။ ယူကလစ်ဆီ နှင့် မုန်ညင်းဆီတို
့ရော၍ အရေပြားထဲစိမ့်ဝင်အောင် အသာအယာ နှိပ်နယ်ပေးပါ။
ထမင်းစားပြီးတိုင်း သကာရည် (သို့ မဟုတ်) တင်လဲရည်
စားပွဲတင်ဇွန်း ၁-ဇွန်းခန့် ကို ရေနွေးဖြူဖြင့် သောက်ပေးပါ။ဖာလာစေ့ကို ပျား
ရည်ဖြင့် နှဲ၍ သောက်ခြင်းကလည်း အမြန်ဆုံး သက်သာလာစေပါတယ်. အသာအယာ နှိပ်နယ်ပြီး
ဆေးဖယောင်းချက် ကပ်ပေးပါ။
ရေခဲတုံးလေးများကို အ၀တ် (သို့ မဟုတ်)
ဂုံနီအိတ်ပါးထဲထဲ့၍ အသာယအယာ လှိမ့်ပေးနိုင်ပါတယ်။
မွေ့ ယာခင်းမထားသော ကုတင် (သို့ မဟုတ်) ကြမ်းပြင်ပေါ်
ငြိမ်သက်စွာ ပက်လက်လှဲခြင်းက သွေးများကောင်းစွာ စီးဆင်လည်ပတ်စေသလို၊
အကြောအချဉ်ပြေ၍ ခါးနာခြင်းကို သက်သာစေပါတယ်။ ဒဏ်ကြေဆေးပူ လိမ်းပေးနိုင်ပါတယ်။
(ကိုယ်ဝန်ဆောင်များကို မဆိုလိုပါ)
မပြင်းထန်သော ခပ်ဖော့ဖော့
အကြောပြင်လေ့ကျင့်ခဏ်းများကလည်း ခါးနာသက်သာအောင် အထောက်အကူ ဖြစ်စေပါတယ်။
(အမှန်တကယ် အရိုးအကြော နားလည်တတ်ကျွမ်းသူနှင့် ကုသမှုခံယူပါ)
(ပေါက်ပေါက် ….မျှဝေသည်)
ကိုးကား (Daily Health Tips)
ကျန်းမာရေးစာတိုများစုစည်းမှု
No comments:
Post a Comment