Sunday, 4 August 2013

မိခင်လောင်းတွေရဲ့  အလိုအပ်ဆုံး အရာ...

Friday, Augest 02, 2013
ယောက်ျားဖြစ်သူ အိမ်ကို မူးပြန်လာပြီး ပန်းကန်ခွက်ယောက်တွေရိုက်ခွဲ၊ မူးအန်ပြီး ကြမ်းပြင်ပေါ်လှဲသွားတယ်

ချစ်ဇနီးလေးကတော့ ခင်ပွန်းဖြစ်သူကို ဆွဲထူ၊ သန့် စင်ပြီး အိပ်ရာကိုပို့  ပြီးရင် ပန်းကန်အကွဲတွေကို သန့် ရှင်းရေးလုပ်ပေါ့

နောက်တစ်နေ့ လဲရောက်ရော ယောက်ျားဖြစ်သူ အိပ်ရာကနိုးလာပြီး သူ့ ချစ်ဇနီးလေးကတော့ သူ့ ကို အရမ်းစိတ်ဆိုးတော့မှာဘဲလို့ တွေးနေမိတာပေါ့...... အိပ်ရာထဲကနေ.... ရန်မဖြစ်ပါစေနဲ့  ဆုတွေ တောင်း နေ မိ တယ်

နံနက်စာစားဖို့ အခန်းပြင်ကို ထွက်လာချိန်မှာတော့ မှန်ခုံတင်ပေါ်မှာ တင်ထားတဲ့  စာရွက်လေးတစ်ခု တွေ့ ပြီး ဖတ်ကြည့်လိုက်တော့..........

ယောက်ျားရေ..... ရှင်ကြိုက်တတ်တဲ့  နံနက်စာကို စားပွဲမှာအဆင်သင့် ပြင်ထားတယ်နော်.... ကျွန်မ စားစရာဝယ်ဖို့ အပြင်ကို အစောကြီးထွက်သွားတယ်နော်..... ကျွန်မ မြန်မြန်လေးပြန်လာပါ့မယ်.... ရှင့်ကို အရမ်းချစ်တယ်

စာလဲဖတ်ပြီးရော ယောက်ျားဖြစ်သူ အရမ်းအံ့သြသွားတယ်....သူ့ ချစ်ဇနီး ဘာများဖြစ်သွားတာလဲ ပေါ့.... ဒါနဲ့ အခန်းပြင်ကို ကပျာကယာ ထွက်ပြီး သူ့ သားကိုမေးလိုက်တယ်

ငါ့သား.... ညတုန်းက ဘာတွေဖြစ်သွားလဲ

အဖေဗျာ... ညတုန်းက မူးလန်နေတာဘဲ.... အမေကအဖေ့ကို အိပ်ရာထဲဆွဲထူသွားတယ်.... အဖေ့အကျီ င်္တွေ ဖိနပ်တွေ အကုန်ကူလဲပေးရတယ်... ပြီးတော့အဖေက သေလောက်မတတ်မူးပြီး ပြောတယ်လေ.... "ဟေ့..ကောင်မလေး..... ငါတစ်ယောက်တည်းနေပါရစေ... ငါက အိမ်ထောင်သည်ကွာ".... ဆိုပြီးတော့လေ.... (ချစ်စရာအမူအရာလေးနဲ့ သားဖြစ်သူက ပြန်ပြောလိုက်တယ်)


****အမြဲတမ်း စိုးရိမ်ပူပန်နေတတ်တဲ့ အိမ်ထောင်သည်ဖြစ်တဲ့ မိခင်လောင်းတွေရဲ့  အလိုအပ်ဆုံး အရာက သူတို့ ချစ်ခင်ပွန်းတွေဆီက စောင့်စည်းအပ်တဲ့  သစ္စာတရားတွေ၊ ကျင့်ဝတ်တွေပါ*****

Credit to ကို ကွန်း

No comments:

Post a Comment