Sunday, 4 August 2013

ပိတုန်းတွေ ဘာကြောင့် ပျံသန်းနေကြပါသလဲ...

ပိတုန်းတွေဟာ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ပျံလို့ရစရာအကြောင်း မရှိပါဘူးတဲ့။ ဒါပေမယ့် သူတို့ဟာ ပျံလို့မရဘူးဆိုတာကို မသိခဲ့တဲ့အတွက်၊ တစ်နည်းအားဖြင့် သူ့တို့ခန္ဓာဗေဒရဲ့ အားနည်းချက်ကို မသိဘဲ ပျံနိုင်တယ်လို့ပဲ ယုံကြည်တဲ့အတွက် ဒီကနေ့ ကမ္ဘာနဲ့အဝှမ်းက ပိတုန်းတွေဟာ ပျံသန်းနေကြပါတယ်။
 
မျက်မှောက်ခေတ် သတ္တဝါတွေထဲမှာ ခွန်အားအကြီးဆုံးဆိုတဲ့ ဆင်၊ ဧရာမသစ်ပင်ကြီးတွေကိုပါ တွန်းလှဲနိုင်တဲ့ဆင်ဟာ သူ့ခွန်အားနဲ့ယှဉ်လိုက်ရင် အင်မတန်သေးငယ်တဲ့ သံကြိုးလေးမှာ မရုန်းကန်ဘဲ ငြိမ်ခံနေတာ မလွတ်မြောက်ချင်လို့တော့ မဟုတ်လောက်ဘူး။ အဲဒီသံကြိုးလေးဟာ သူရုန်းလိုက်ရင် ပြတ်သွားမယ်ဆိုတာ သူမသိလို့ပါတဲ့။
တစ်နည်းအားဖြင့် အဲဒီသံကြိုးလေးကို သူမဖြတ်တောက်နိုင်ဘူး၊ မလွတ်မြောက်နိုင်ဘူးလို့ ယုံကြည်နေလို့ပါ။

ပိတုန်းတွေရဲ့ အဖြစ်နဲ့ ဆင်တွေရဲ့အဖြစ် ဒါတွေဟာ ကိုယ့်ယုံကြည်မှုကြောင့် ကိုယ်ဖြစ်ကြတာတွေချည်းပါပဲ။




Saddha San

အသံဖိုင်မှာ အပြည့်အစုံ နားထောင်နိုင်ပါတယ်
http://m.soundcloud.com/saddhasan/transform-your-life
 


No comments:

Post a Comment