Tuesday, 20 August 2013

စာရင်းကိုင်လောင်းလျာ

Aye Chan Mon  Wednesday, August 21, 2013

နိုင်ငံခြားကို အိမ်သုံးဆား တင်ပို့နေတဲ့ ကုမ္မဏီတစ်ခုက စာရင်းကိုင်ရာထူးခေါ်လို့ ကောင်မလေးတစ်ယောက် အလုပ်လာလျှောက်နေတယ် အင်တာဗျူးတဲ့ သူဌေးက သူမရဲ့ လုပ်ရည်ကိုင်ရည်ကို စမ်းသပ်တဲ့အနေနဲ့ အလုပ်တခုခိုင်းတယ်... ...

"ရုံးနောက်ဖက်က ဂိုထောင်ထဲမှာ ဆားပုံရှိတယ်၊ ဒီ စားပွဲတင်ဆားပုလင်းထဲကို ဆားအပြည့် သွားဖြည့်ခဲ့" ... ဆိုတော့
ကောင်မလေးလည်း ဆားပုလင်းလေးကိုင်လို့ ဂိုထောင်ဖက် ထွက်သွားတယ်

၁၅ မိနစ်နဲ့လည်း ပေါ်မလာ၊ နာရီဝက်နဲ့လည်း ပေါ်မလာ၊ တနာရီနဲ့လည်း ပေါ်မလာ... ညနေစောင်း ရုံးဆင်းခါနီးမှ ချွှေးသံရွဲရွဲနဲ့ ပြန်ရောက်လာတယ်
သူဌေးက မေးတော့တာပေါ့... ...

"ဆားပုလင်းလေး သွားဖြည့်တာ ဒီလောက်တောင် ကြာရသလားဟဲ့ စာရင်းကိုင်လောင်းလျာကြီးရဲ့"

ဒီတော့ ကလေးမက ပြန်ပြောတယ်... ...

"ကြာမှာပေါ့ဆရာရဲ့၊ ဆားပုလင်းပေါ်က အပေါက်လေးတွေက ကျဉ်းကကျဉ်းနဲ့၊ ထည့်ရတာ လွယ်မှတ်လို့" ... တဲ့

ဟုတ်သား... ...

ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment