ဒီကောင်လေးက လက်နှစ်ဖက် မရှိဘူးဗျ . .
ဒါပေမယ့် ဘ၀ကို အရှုံးမပေးဘူး . .
(၁၀)တန်းကို ဂုဏ်ထူး (၄)ဘာသာနဲ့ အောင်ခဲ့တာ....
ခု (WYTU) တက်နေတယ်ဆိုပဲ . . .
သူ့ခြေထောက်လေးနဲ့ စာရေးပြသေးတယ်။
သူနဲ့ တွေ့ဖြစ်တဲ့ နေရာလေးကတော့
တွံတေး ဗောင်းတော်ချုပ်ဘုရားက ဆရာတော်ကြီးရဲ့ ဂူကျောင်း ဗိမာန်ထဲမှာ တွေ့ခဲ့ရတာပါ။
မသန်စွမ်းသူမို့ စာမေးပွဲခန်းတွေမှာ
ဆရာဆရာမတွေက အချိန်ပိုပေးပြီး ဖြေခိုင်းတာ သားက ပိုမယူဘူး။ သူများနဲ့ တန်းတူပဲ
ဖြေခဲ့တာ လို့ ဒီကလေးပြောတော့ . . . အခွင့်ထူး မခံလိုပဲ သူ့အား သူကိုးတဲ့စိတ်ဓာတ်
ကလေးကို သဘောကျမိတယ် ။
ပိုင်သက်ကျော်တို့လိုပဲ . . သူလည်း
သီချင်းတွေဘာတွေ ရေးနေတယ် တဲ့ဗျ . . .
တက်နိုင်သူများ ၀ိုင်းဝန်းလို့
မြေတောင်မြှောက်ပေးကြပါဦးဗျာ. . . .
တော်ယုံလူ တူနဲ့ ခေါက်ဆွဲ မစားတတ်ဘူး။
သူက ဘယ်နယ့်ဗျာ . ခြေထောက်နဲ့ ညှပ်ပြီး တူကိုင်လို့ ခေါက်ဆွဲစားတာ မြန်လိုက်တာလို့
သူနဲ့ ကျောင်းထဲမှာ တွေ့သူ ကျွန်တော်တို့ အသင်းထဲက ကောင်မလေး တစ်ယောက်က
ပြောပြပါတယ်.. .
တကယ်ထူးချွန်တဲ့ ကလေးပါ . . .
ခြေလက် အကုန်ပါတဲ့ ကလေးတွေ
လက်ဘက်ရည်ဆိုင်ထိုင်၊ ဘောပွဲလောင်း၊ အရက်ဆိုင်၊ ဘီယာဆိုင် ထိုင်နဲ့
အချိန်ဖြုန်းနေတဲ့အချိန်၊ သူမှာတော့ . . ခြေထောက် နှစ်ချောင်းအားကိုးနဲ့ ဘ၀ကို
အရုံးမပေးတမ်း ရင်ဆိုင်နေလေရဲ့ . . . သူနဲ့ စကားပြောရတာ . . . သူ့ကို
လူတွေအများကြီး က သနားတဲ့ မျက်စိနဲ့ ၀ိုင်း ကြည့်နေတာတောင် . . အေးအေးလူလူပဲ . . .
လူအများစုကို ကိုယ့်ကို သနားတဲ့
အရိပ်အယောင်ပြရင် အလိုလိုနေရင်း ၀မ်းနည်းတတ်ကြတယ် .
ဒီကလေးမှာ အဲ့ဒါမျိုး တစ်စက်ကလေးမှ
မတွေ့ခဲ့ရဘူး . . သူ့ ဘ၀နဲ့ သူ့ကြိုးပမ်းမှုကို . . ကြေနပ်တဲ့ ပုံစံ အပြည့်ပါပဲဗျာ
. . . . .
Pace Maker
Myanmar Journal
No comments:
Post a Comment