ချစ်ခြင်း မေတ္တာ
တစ်ခါတုန်းက မျက်စိမမြင်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ မွေးရာပါ မျက်စိမမြင်တာ မဟုတ်ဘဲ
အက်စီးဒန့်တစ်ခုကြောင့် မျက်စိကွယ်သွားရတာပေါ့
သူမမျက်စိမမြင် တဲ့အချိန်မှာ သူမအနားမှာ သူမကိုဖေးမကူညီပေးမယ့် သူတစ်ယောက်မှ မရှိရှာခဲ့ဘူး။
တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကို ကောင်လေးတစ်ယောက်
ဝင်ရောက်လာခဲ့တယ်။ အဲဒီကောင်လေးကို သူမ မမြင်ဖူးပေမယ့် သူမရင်ထဲမှာ
သူ့ကိုချစ်မိသွားတယ်။
အဲဒါနဲ့ သူမကပြောတယ် ကောင်လေးကို ''ငါတစ်နေ့
မျက်စိပြန်မြင်ခဲ့ရင် အမြင်ချင်ဆုံးက နင်ပဲ နောက်ပြီး ငါနင့်ကို လက်ထပ်မယ်'' ကောင်မလေး
စကားကိုကြားတော့ ကောင်လေး အရမ်းပျော်သွားတာပေါ့ အဲလိုနဲ့ တစ်နေ့မှာ ကောင်မလေးကို
မျက်ကြည်လွှာလှူမယ့် အလှူရှင်ပေါ်လာတယ်။ ဆေးရုံမှာ နှစ်ပတ် ခွဲစိတ်ကုသခံလိုက်တဲ့ အချိန်မှာ
ကောင်မလေး မျက်စိပြန်မြင်သွားတာပေါ့။
ကောင်မလေး မျက်စိနှစ်လုံး
အလင်းပြန်ရသွားတဲ့အချိန်မှာပဲ ကောင်လေးဆီကို ရောက်သွားတယ်။ ဒါပေမယ့်
မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုက သူ့ကိုစောင့်ကြို နေတယ်။ အဲဒါကတော့ ကောင်လေးကလဲ
သူ့လိုပဲ မျက်စိမမြင်တဲ့သူ ဖြစ်နေလို့ပဲ။ ကောင်မလေး သူ့ဆီလာမှန်းလဲသိရော
ကောင်လေးကပြောတယ် '' နင်အခု မျက်စိနှစ်လုံး အလင်းပြန်ရသွားပြီနော်
ငါ့ကိုလက်ထပ်နိုင်မလား''
ဒါပေမယ့် ကောင်မလေးက
ကောင်လေးကိုပြောတယ် ''အရင်တုန်းက ပြောခဲ့တာတွေ မေ့လိုက်ပါတော့ ငါအခုနင့်လို
မျက်မမြင်တစ်ယောက်ကို မချစ်နိုင်တော့ဘူး '' အဲလိုပြောပြီး သူမ လှည့်ထွက်လာခဲ့တယ် ။
ကောင်လေး သူ့နောက်ကို ပြေးလိုက်လာတာ သူမသိဘူး
'''ဒုန်း''' ဆိုတဲ့အသံကြားမှ သူမ လှည်ကြည့်လိုက်တယ်။ သွေးအလူးလူးနဲ့ အသက်မဲနေတယ့်
ကောင်လေးကို တွေ့လိုက်ရတယ်။ သူမ နောက်ကို မမြင်မစမ်းနဲ့ ပြေးလိုက်ရင်း
ကောင်လေးခမျာ ကားတိုက် ခံလိုက်ရတယ်။ တစ်ဆက်တည်းမှာပဲ ကောင်လေးရဲ့လက်မှာ
သွေးတွေပေကျံနေတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။
အဲဒီစာအုပ်လေးကို ကောင်မလေး
ဖွင့်ဖတ်လိုက်တဲ့ အချိန်မှာပဲ ........... စာအုပ်ထဲမှာ '''ဟိတ် ကောင်မလေး
နင့်အတွက် ငါလုပ်ပေးနိုင်တာလေး တစ်ခုကို လုပ်ပေးခဲ့မယ်နော်။ နင်အလင်းပြန်ရဖို့
ငါ့မျက်ကြည်လွှာကို နင့်အတွက် လှူပေးခဲ့မယ်။ ငါဘက်က နင့်ကို ပေးဆပ်နိုင်တာ
ဒီတစ်ခုပဲရှိတယ်လေ။ နင်အခုလိုဖြစ်နေတာကို ငါမကြည့်ရက်ဘူး ငါက မျက်စိမမြင်ရလဲ
အရေးမကြီးပါဘူးဟာ။ နင့်နားမှာ ရှိနေရနေရင်ကိုပဲ ငါ့အတွက် ရာရာပြည့်စုံသွားပြီ။
ဒါပေမယ့် နင်အလင်းပြန်ရင် ငါလို
ဒုက္ခိတတစ်ယောက်ကို နင်လက်ခံနိုင်ပါ့မလား...။ နင်လက်မခံလဲ ရပါတယ်ဟာ နင် ပျော်ရွှင်နေမယ်
ဆိုရင် ငါက ပေးဆပ်ရကျိုး နပ်ပါတယ်။ ဘာလို့လဲ ဆိုရင် ငါကနင့်ကို အရမ်းချစ်လို့ပေါ့
ကောင်မလေးရယ်''။
*လောကမှာ ကိုယ့်အပေါ် ချစ်ခြင်းမေတ္တာတရား
ကြီးမားတဲ့သူကို ဆုံးရှုံးတာထက် ပိုတဲ့ ဆုံးရှုံးမှုမျိုး မရှိပါဘူး...
ပစ္စည်းဥစ္စာ
ဆုံးရှုံးရင်ပြန်ရှာဖွေလို့ရတယ်။ မေတ္တာတရား ဆုံးရှုံးသွားရင်တော့ ဘာနဲ့မှ ပြန်ပြီး
အစားထိုးလို့ မရနိုင်ပါဘူး*
♦ MC Zin Jay Shin ♦
No comments:
Post a Comment