အဓိပ္ပါယ် ရောက်ချင်ရာရောက် ဟာသများ
ဆရာ ။ ။ အခုမေးမဲ့ မေးခွန်းကို
ဖြေနိုင်တဲ့သူကို ခုချက်ချင်း အိမ်ပြန်ခွင့်ပြုမယ်
အဲ့ဒိ အချိန်မှာဂွတိုက သူ့လွယ်အိတ်ကို ပြတင်းပေါက်မှ လွှင့်ပစ်လိုက်တယ်
ဆရာ ။ ။ အဲ့ဒိ လွယ်အိတ်ကို ဘယ်သူပစ်လိုက်တာလဲကွ
ဂွတို ။ ။ ကျနော်ပါ ဆရာ ၊ အိမ်ပြန်တော့မယ် ။ ဘိုင်း .....
___________
ဆရာ ။ ။ ဂွတို မင်းရေးထားတဲ့ “ ကျွန်တော့်ရဲ့ခွေးလေး
” ဆိုတဲ့ စာစီစာကုံးက မင်းအကို ရေးထားတဲ့ စာစီစာကုံးနဲ့ တစ်ပုံစံထဲဖြစ်နေတယ် ၊
မင်း ခိုးချထားတာ မဟုတ်လား ။ ။။
ဂွတို ။ ။ မဟုတ်ပါဘူး ဆရာ ကျနော့် အိမ်မှာ
အဲ့ခွေးတစ်ကောင်ပဲ ရှိလို့ပါ ။
___________
ဆရာ ။ ။ မင်းမှာ ချောကလတ် ၁၂ ခုရှိတယ်ကွာ အေးပုံ ကို
၅ ခု ၊ ဂွတ်ထော်ကို ၅ ခု ၊ စာဥ ကို ၂ ခု ပေးလိုက်တယ် ဆိုပါတော့ မင်းတွက်
ဘယ်လောက်ကျန်မလဲ ။ ။။
ဂွတို ။ ။ ရည်စားအသစ်သုံးယောက် ကျန်ပါမယ် ဆရာ ။ ။။
___________
ဂွတို ။ ။ ဖေဖေ .. ဖေဖေ အမှောင်ထဲမှာ စာရေးတတ်လား ။
။။
အဖေ ။ ။ ရလောက်ပါတယ် သားက ဘာရေးခိုင်းမလို့လဲ ။ ။။
ဂွတို ။ ။ သားရဲ့ Report Card မှာ ဖေ့ဖေ့နာမည်လေး ရေးပေးစေချင်လို့ပါ
ဖေဖေ ။ ။။
From >> http://www.tryistry.com/
( ရယ်မောခြင်းဖြင့် ဘ၀ အမောများပြေပျောက်နိုင်ကြပါစေ
)
အဓိပ္ပါယ် ရောက်ချင်ရာရောက် ဟာသများ
No comments:
Post a Comment