Wednesday, 7 August 2013

ရေခဲသေတ္တာထဲ မထည့်ဘဲ စားသင့်သော သစ်သီးလေးမျိုး

Myanmar Online News
Wednesday, August 07, 2013

သစ်သီးတွေကို ရေခဲသေတ္တာထဲ ထည့်ပြီး အေးအေးလေး စားသုံးရတာကို အများစုက နှစ်သက်ကြပါတယ်။ ဒါပေမဲ့ တချို့သစ်သီးတွေက ရေခဲသေ တ္တာထဲ မထည့်ဘဲ အခန်းအပူချိန်အတိုင်းပဲ စားသုံးတာက အရသာ ပိုစေသ လို အာဟာရ ပါဝင်မှုလည်း ပိုမို ပြည့်ဝစေပါတယ်။

(၁) ဖရဲသီး

နွေရာသီမှာ ရင်ကိုအေးစေပြီး ရေဓာတ် ပြည့်ဝစေတဲ့ ဖရဲသီးကို စားသင့်ပါတယ်။ ဖရဲသီးကို ရေခဲသေတ္တာထဲ မထည့်ဘဲ အခန်းအပူချိန် အတိုင်းပဲ ထားပြီး စားသုံးတာက ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ လိုင်ကိုပင်းရဲ့ အာနိသင်ကို ပိုမို ကောင်းမွန်စေပါတယ်။ ဖရဲသီးမှာ အမိုင်နိုအက်စစ် ဖြစ်တဲ့ အာဂျင်နင်းများစွာ ပါဝင်ပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ပြုပါတယ်။ သုတေသီတွေက ဖရဲသီးမှာ ဗိုင်ရာဂရာ အစွမ်းကို ပေးစွမ်းနိုင်တဲ့ စစ်ထရာလင်း များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။

(၂) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အသုပ်သုပ်စားတာ၊ ဒါမှမဟုတ် ဟင်းထဲ ထည့်ချက်စား တာတွေ စားတတ်ကြပါတယ်။ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်ထားမယ့်အစား အခန်းအပူချိန်မှာပဲ ထားပါ။ ခရမ်းချဉ်သီးမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ လိုင်ကိုပင်းနဲ့ ဗီတာမင် အေ၊ စီ၊ ကေတို့ များစွာ ပါဝင်ပါတယ်။ နီရဲတဲ့ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်မှု ပိုများပါတယ်။

(၃) မက်မွန်သီး

မက်မွန်သီးကနေ အမျှင်ဓာတ်၊ ဗီတာမင် အေ၊ စီ၊ ကောင်းတဲ့ ကိုလက်စထရောကို အားပေးတဲ့ နိုင်ရာစင်နဲ့ ပိုတက်စီယမ်တွေ များစွာ ရရှိနိုင်ပါတယ်။ မက်မွန်သီးကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်ထားမယ့်အစား အခန်းအပူချိန်မှာ ထားတာက အာဟာရဓာတ်တွေ ဆုံးရှုံးမှု နည်းစေတယ်လို့ အမေရိကန်မှ သုတေသီတွေက ပြောပါတယ်။

(၄) သရက်သီး

သရက်သီးကလည်း အခန်းအပူချိန်အတိုင်း ထားပြီး သရက်သီးမှည့်အဖြစ် အချိုပွဲ စားသုံးနိုင်သလို တချို့လည်း ထမင်းနဲ့ ရောစားတတ်ကြပါတယ်။ သရက်သီးမှာ အစာချေဖျက်မှုကို အားပေးတဲ့ အင်ဇိုင်းတွေ ပါဝင် တာကြောင့် အစာအိမ်ကို ကျန်းမာစေတယ်လို့ အရီဇိုးနားတက္ကသိုလ်မှ ပညာရှင်တွေက ပြောပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health

No comments:

Post a Comment