မလွတ်နိုင်တော့ဘူး
စုံတွဲတစ်တွဲဟာ သူတို့ရဲ့အိမ်ထောင်သက်နှစ် ၅၀ ပြည့်အထိမ်းအမှတ် အဖြစ် ညစာ ထွက်စားကြပါတယ်။
အစားအသောက်တွေစားရင်း ခင်ပွန်းဖြစ် သူရဲ့မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေတာကို
သတိထားမိသွားတဲ့ အမျိုး သမီးကြီးက "ကျွန်မတို့ နှစ်ပေါင်း ၅၀ တောင် အတူ လက်တွဲ
လာခဲ့တဲ့အတွက် ရှင်အရမ်းဝမ်းသာ ကြည်နူးနေတာလား"လို့ မေးလိုက်ပါတယ်။
"မင်းနဲ့လက်မထပ်ခင်က မင်းအဖေပြောခဲ့တဲ့စကားကို သတိရလို့ပါကွာ။ အဲဒီတုန်းကလေ
မင်းအဖေက ငါ့ကို သေနတ်နဲ့ချိန်ပြီး မင်းကို လက်မထပ်ရင် ငါ့ကို ထောင်ထဲအနှစ် ၅၀
လောက်ပို့ပစ်လိုက်မယ်လို့ ခြိမ်းခြောက်တယ် ကွ။
နို့မဟုတ်ရင် မနက်ဖြန်ဆိုငါထောင်က လွတ်ပြီကွာ"လို့
အမျိုးသားကြီး က တော်တော်ကို ၀မ်းနည်းနေဟန် မချိတင်ကဲ လေသံနဲ့ ပြောလိုက်ပါတယ်။
myanmar times journal
ဦးဇော်သိသမျှ မျှဝေရာအရပ်
No comments:
Post a Comment