တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ်
။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။
“ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို
သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေက အရမ်းပူပြီး ရေကလည်း အရမ်းငတ်နေတဲ့အချိန်
ရေဘူးကလည်း မပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး
နှစ်လုံးပါခဲ့မယ်ဆိုရင် သားဘာလုပ်မလဲ ”
သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီး ပြန်ဖြေတယ် ။ “ ပန်းသီး
နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။
သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက
စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို
တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ
ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး
ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ
သူသိချင်နေမိတယ် ။
“ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီး ပြောရတယ်ဆိုတာ
မေမေ့ကိုပြောပြပါလား ”
သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ်
။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး
အလုံးကို မေမေ့ကို ပေးမလို့ပါ ”
မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ
စီးဆင်းလာခဲ့ရတယ် ။
=====
ယုံကြည်ပြီး ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ ဆက်ဆံလိုက်ခြင်းဟာ
နှစ်သိမ့်ဖွယ်အဖြေကို ရစေပါတယ် ။ အကယ်၍သာ တခြားမိဘတွေလို သားငယ်ကို
ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့ အဖြေကို ရမှာမဟုတ်ပါဘူး
။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင် ပြောခွင့် ပေးလိုက်တာဟာ အကောင်းဆုံး ယုံကြည်ခွှင့်လွှတ်လိုက်ခြင်း
ဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။
သက်တန့်ချို
No comments:
Post a Comment