Saturday, 17 August 2013

ရှေ့နေဆိုတာ

Myanmar Online News Saturday, August 17, 2013
တခါက ယုန်တစ်ကောင်နဲ့ မြွေတစ်ကောင်ရှိတယ်။
သူတို့ဟာ အိုမင်းရင့်ရော်လာကြတော့ သူတို့ကိုယ်သူတို့ ဘာကောင်တွေမှန်း မမှတ်မိကြတော့ဘူး။

မြွေက ယုန်ကိုပြောတယ်…
“မင်းရဲ့ပုံပန်းသဏ္ဍန်ကို ငါပြောပြမယ်၊ ဒါဆို မင်းဘာကောင်လဲဆိုတာ စဉ်းစားလို့ရတာပေါ့”
“အေး၊ အဲဒါကောင်းတယ်၊ ပြောကြည့်”

“မင်းဟာ အဖြူရောင်ကိုယ်လုံးနဲ့ အမွေးပွပွ၊ နားရွက်ရှည်ရှည်နဲ့ ခြေထောက်ကြီးကြီးတွေရှိတယ်”
“သိပြီ…၊ ငါက ယုန်”

“ဒါဆို ငါကရော ဘယ်လိုပုံသဏ္ဍန်လဲ”
 
“မင်းက ရှည်တယ်၊ ပါးတယ်၊ ပြီးတော့ လျှာနှစ်ခွနဲ့”
“သိပြီ...၊ ငါက ရှေ့နေ”

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment