အပျိုကြီးရဲ့ ဒုက္ခ

အပျိုကြီး မ၀ိုင်းပာာ ကိုညိုမောင်ကို သဘောကျနေသည်။ ကိုညိုမောင်ကလည်း သဘောကျနေပါသည်။
သို့သော် အရွယ်လွန်များပီပီ မည်သူမျှ ဖွင့်မပြောရဲ။
အပျိုကြီးမ၀ိုင်းမှာ သဲသဲဆိုတဲ့ တူမလေးရှိပါတယ်။
စကားအင်မတန် တတ်သည်။
တစ်နေ့ ကိုညိုမောင်က မ၀ိုင်းကို ချစ်ရေးဆိုဖို့
မ၀ိုင်းအိမ်သို့ ရောက်လာသည်။ မ၀ိုင်းကလည်း ကိုညိုမောင် ဘယ်တော့ ချစ်ရေးဆိုမလဲပဲ
စောင့်နေခဲ့သူပါ။
သူတို့နှစ်ယောက် စကားပြောကြရာ ဘေးနားမှာ
သဲသဲလေးရှိနေပါသည်။
ဖြစ်ချင်တော့ ကိုညိုမောင့်ရှေ့ကျမှ
မအောင့်နိုင်တော့ဘဲ လေလည်မိသွားသည်။ ဆူးပုပ်နှင့် ဒညင်းသီးရောပြီး စားထားသလို အင်မတန်
အနံ့ပြင်းသည်။
ပြီးမှ မ၀ိုင်းရှက်သွားသည်။ ကိုညိုမောင်လည်း
မျက်နှာပျက်နေသည်။ မ၀ိုင်က အရှက်ပြေ သဲသဲကို မဲတော့သည်။
"သဲသဲ ။ လူကြီးတွေရှေ့မှာ အဲ့လို
အီးမပေါက်ရဘူးလေ။ ကိုညိုမောင်ကို အားနာစရာ။"
"သမီးမပာုတ်ပါဘူး။ အန်တီပေါက်တာ
သမီးကြားလိုက်ပါတယ်။"
သဲသဲက ပြန်ဖော်ချနေသည်။ ကိုညိုမောင်လည်း အလိုက်သိစွာ
-
"ပြန်လိုက်ပါအုံးမယ် ၀ိုင်း။ မနက်ဖြန်မှ
လာမယ်နော်။"ပာု နှုတ်ဆက်ပြီး ပြန်သွားသည်။
"ပဲာ့ မိသဲသဲ။ ဘာလို့ အဲ့လို ပြန်ပြောတာလဲ။
အန်တီက နောက်တစ်ခါ အီးပေါက်ရင် သဲသဲကို ပြောမယ်နော်။ သဲသဲက နောက်တစ်ခါ
မပေါက်တော့ပါဘူး လို့ပြန်ပြောနော်။ အန်တီ အင်္ကျီဝယ်ပေးမယ်နော်။ မမေ့နဲ့။"
သဲသဲပျော်သွားသည်။ အင်္ကျီလှလှလေးတွေရတော့မည်ပာု
ပျော်နေသည်။
နောက်တစ်နေ့တွင် ကိုညိုမောင် ရောက်လာပြန်သည်။
ဒီနေ့တော့ မ၀ိုင်း လေမလည်ချင်တော့ပါ။ မနေ့က အရှက်ကွဲပြီးသားလေ။
သဲသဲကလည်း ဘေးနားကထိုင်ပြီး အန်တီ ဘယ်တော့ အီးပေါက်မလဲပာု
စောင့်နေရှာသည်။ ကလေးဆိုတော့ ဘယ်သိမလဲ။ ခဏကြာတော့ သဲသဲက စိတ်မရှည်တော့ပေ။
ကိုညိုမောင်ပြန်သွားသည့်တိုင် မ၀ိုင်း အီးမပေါက်မှာကို သဲသဲစိုရိမ်နေသည်။
ထို့ကြောင့် သဲသဲက ကိုညိုမောင်ကို ဂရုမစိုက်တော့ဘဲ
စကားတစ်ခွန်းပြောလိုက်သည်။ ထိုစကားကို ကြားတော့ ကိုညိုမောင် မျက်နှာ
ပျက်သွားပြန်သည်။
"အန်တီ။ အီးပေါက်တော့လေ။ သဲသဲအီးပေါက်တာပါ။
နောက်မပေါက်တော့ဘူးလို့ပြောမယ်လေ။ အင်္ကျီ ၀ယ်ပေးမယ်ဆို"
ထို့နောက် အပျိုကြီးမ၀ိုင်းလည်း သဲသဲကို
အားကိုးမိကာမှ ပိုပြီး အရှက် ကွဲရလေတော့သည်။ ။
ပြည်ငြိမ်း
အခမဲ့ ကြော်ငြာ
No comments:
Post a Comment