Thursday, 22 August 2013

ကင်ဆာရောဂါ အတွက် ကုသမှု ခံယူသူများ အိပ်ရေးဝရန် လိုအပ်



Today Myanmar
ကင်ဆာကုသမှုခံယူနေတာကြောင့် လွယ်လွယ်ကူကူ မောပန်းနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေထက် ပိုပြီးအိပ်စက်ဖို့နဲ့ အနားယူဖို့လိုအပ်ပါတယ်။ကင်ဆာကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့နာကျင်တာ၊ စိုးရိမ် စိတ်များတာ၊ စိတ်ဓာတ်ကျတာ၊ ညဘက်ချွေးထွက်တာလိုမျိုး ဆိုးကျိုးတွေကြောင့် အိပ်စက်မှု အကျင့်ကို ပြောင်းလဲစေတတ်ပါတယ်။

အောက်ပါတို့ကို ပြုလုပ်ပေးပါ။

အိပ်ရာမှ နိုးထလာခဲ့ရင် ပန်းခြံထဲ လမ်း လျှောက်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာနဲ့ ယောဂ လုပ်တာလိုမျိုး လေ့ကျင့်ခန်းတခိျု့ လုပ်ပေးပါ။

သင် အိပ်ရာဝင်ချိန်မှာ သင့်အိပ်ခန်းကို ဆိတ်ငြိမ်မှုရှိပြီး သက်သောင့်သက်သာရှိအောင် အတတ်နိုင် ဆုံးပြု လုပ်ထားပါ။

အိပ်ရာမ၀င်ခင်မှာ နွားနို့၊ ပျားရည် ဒါမှမဟုတ် ဘီစကွတ်လိုမျိုး ကဖင်းမပါတဲ့အစာတွေ စားပေးပါ။

အိပ်ရာမ၀င်ခင်မှာ ခြေထောက်တွေကို အသာအယာ အနှိပ်ခံပါ။

နာကျင်တာကြောင့် သင် အိပ်ရာမှနိုးထစေခဲ့ရင် သင့်ဆရာဝန်ကို အကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် အိပ်ဆေးပေးဖို့ တောင်းဆိုပါ။

Healths

No comments:

Post a Comment