ကားထဲတွင်ကျန်သော ရေသန့်ဗူးမှ ရေကို မသောက်သင့်
Monday, August 19, 2013
သင့်ကားထဲမှာရှိတဲ့ ရေဗူးတွေဟာ သင့်အတွက် အလွန်အန္တရာယ်များတယ် ဆိုတာ သိရဲ့လား...
အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်အရ
ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ
ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။
ရေသန့်ဗူးကို ကားထဲမှာထားတဲ့ အတွက် ရေသန့်ဗူးဟာ
ပူလာပြီး ဒိုင်အောက်ဇင် (dioxin)ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်လိုက်ပါတယ်။
ဒိုင်အောက်ဇင် ဆိုတာ ကတော့ အဆိပ်ဖြစ်စေတဲ့
ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး သူ့ကိုသောက်သုံးမိရင် ရင်သားကင်ဆာ နဲ
့အခြားကင်ဆာတွေ ဖြစ်နိုင်ခြေများတယ်လို့သိရပါတယ်။
အထူးသဖြင့် တနေကုန်ကားမောင်းရတဲ့
အငှားယာဉ်မောင်းဆရာများအတွက် ပိုပြီးဂရုပြုဆင်ခြင် သင့်ပါတယ်။
www.carmarket.com.mm
No comments:
Post a Comment