ငါနှင့် ငါ့အကြောင်း (ဘာသာပြန် ကဗျာ)

(1). I have no parents.
I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကို (သဘာဝတရားကို) မိဘသဖွယ် ပြုလုပ်ထားပါတယ်။
(2). I have no home. I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။ ငါဟာ သတိကို အိမ်လုပ်ပြီး နေပါတယ်။
(3). I have no life or death.
I make the tides of breathing my life & death
ငါ့မှာ မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ဝင်လေ ထွက်လေကိုပဲ မွေးဖွားခြင်း၊ သေဆုံးခြင်းလို့
သဘောထားပါတယ်။
(4). I have no divine power. I make honesty my
divine power.
ငါ့မှာ တန်ခိုး မရှိပါဘူး။ ရိုးသားမှုကို င့ါရဲ့
တန်ခိုးအဖြစ် လုပ်ထားပါတယ်။
(5). I have no friend. I make my mind my friend.
င့ါမှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။
(6). I have no enemy. I make carelessness my enemy.
ငါ့မှာ ရန်သူမရှိပါဘူး။ သတိမပါ၊ ဥာဏ်မပါ
ပေါ့ပေါ့တန်တန် ဖြစ်သလို
နေတတ်၊ လုပ်တတ်တာကိုပဲ ငါ့ရန်သူလို့ သဘောထားပါတယ်။
(7). I have no armour. I make benevolence my
armour.
ငါ့မှာ သံချပ်ကာအင်္ကျီ မရှိပါဘူး။
သူတစ်ပါးကောင်းကျိုးကို လိုလားတဲ့စိတ်ကိုပဲ သံချပ်ကာအင်္ကျီ သဖွယ် လုပ်ထားပါတယ်။
(8). I have no castle. I make immovable mind my
castle.
ငါ့မှာ ရဲတိုက် မရှိပါဘူး။ ငါဟာ တည်ငြိမ်တဲ့
စိတ်ကိုပဲ ရဲတိုက်ကြီးအဖြစ် လုပ်ထားပါတယ်။
(9). I have no sword. I make absence of self my
sword.
ငါ့မှာ ဓါးရှည် မရှိပါဘူး။
အတ္တမရှိခြင်းကိုပဲ လက်နက်ဖြစ်တဲ့ ဓါးရှည်ကြီးအဖြစ်
လုပ်ထားပါတယ်။
- ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment