Monday, 5 August 2013

Idea for your home!

Myanmar Online News
Idea for your home!
Monday, August 05, 2013

၁) အပင် သန်မာထွားကျိုင်းမှု ရှိစေရန်
ဟင်းသီးဟင်းရွက်တွေကို ပြုတ်ထားတဲ့အရည်တွေ သွန်မပစ်ပါနဲ့။ အဲဒီအရည်တွေကို အအေးခံပြီး သစ်ပင်၊ ပန်းပင်တွေကို လောင်းပေးပါ။ သူ့မှာပါဝင်တဲ့ သတ္တုဓာတ်တွေက အပင်တွေကို သန်မာကြီးထွားစေပါတယ်။

၂) ဖန်ခွက်များပိုမိုတောက်ပြောင်အောင်
ဖန်ခွက်တင်တဲ့ စင်နဲ့ နောက်ခံနေရာကို ကြည့်မှန်နဲ့ပြုလုပ်ပါ။ မှန်မှ ရောင်ပြန်ဟပ်မှုကြောင့် အခန်းတစ်ခုလုံး တောက်ပြောင် ၀င်းလက်နိုင်ပါတယ်။

၃) ပေတံ အလွယ်တက မရှိရင်
သင် တစ်ခုခုတိုင်းတာဖို့ လိုအပ်ပြီး ပေတံ အလွယ်တကူမရှိရင် သင့်ပိုက်ဆံအိတ်မှ ၁၀၀၀ကျပ်တန် ဒါမှမဟုတ် ၅၀၀၀ကျပ်တန်ကို အသုံးပြုနိုင်ပါ တယ်။ အဲဒီ ပိုက် ဆံရဲ့ အတိုင်းအတာဟာ ခြောက် လက်မ ရှိပါတယ်။ တစ် ၀က်ခေါက်လိုက်ရင် သုံးလက်မရှိပါတယ်။ အတိုင်းအတာ မှန်ဆလို့ ရပါတယ်။

၎) ဓားမျုားကို သိမ်းဆည်းမည် ဆိုလျှင်
 အံဆွဲထဲထည့်ပြီး သိမ်းဆည်းထားတဲ့ ဓားတွေပြန်ထုတ်ယူရာမှ သင့်လက်ကို မရှအောင် အောက်ပါတို့ကို ပြုလုပ်ပါ။
ဓားထည့်ဖို့ အနေတော် ခေါက်ထားတဲ့ စက္ကူလက်သုတ်ပ၀ါရဲ့ တစ်ဖက်ကို Tapeနဲ့ ပိတ်ထားပြီး ကျန်တစ်ဖက်မှ ဓားထည့်ပါ။
သေးငယ်တဲ့ ဓားတွေအတွက်Toilet Paper ကိုအသုံးပြုနိုင်ပါတယ်။

အိမ်ရှင်မ

No comments:

Post a Comment