သူမြန်ပုံက
ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို
အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။
ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။
ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊
သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။
ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။
ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို
ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရထား ရောက်မလာခင် နာရီဝက်လောက် အလိုကတည်းက
ဘူတာ ကြိုရောက်နေတာကွ။
တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။
သူကလည်း အားကျမခံပါပဲ။
တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး
လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊ ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။
ဟာသ
No comments:
Post a Comment