သင်ဟာ ကျန်းမာရေးအတွက် အစွမ်းထက် အစားအစာကို စားမယ်လို့ စဉ်းစားမိတယ်ဆိုရင်
သံလွင်ဆီ၊ ဘလူး ဘယ်ရီသီးနဲ့ သင်္ဘောသီးတွေကို အရင်ဆုံး မြင်ယောင်မိမှာပါ။
ဒီအစားအစာတွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှု များပြားပြီး ကျန်းမာရေးအတွက်
အကျိုးရှိတယ်ဆိုပေမယ့် အမှန်မှာတော့ ဒီအသီးတွေ သီးတဲ့ အပင်က အရွက်တွေဟာ
ကျန်းမာရေးအတွက် ပိုမို ကောင်းမွန်တယ်လို့သိရ ပါတယ်။ သစ်သီးတွေမှာ မပါဝင်တဲ့
အာဟာရဓာတ်တွေဟာ အဲဒီအရွက်တွေမှာ ပါဝင်နေတာကြောင့်ပါ။ အောက်ပါအရွက်တွေကို
ဆေးဝါးအဖြစ် အသုံးပြုနိုင်ပါတယ်။
၁။ ကိုလက်စထရောကျဆင်းဖို့ မာလကာရွက်အသုံးပြုပါ
မာလကာရွက်ဟာ စားသုံးပြီး ရှစ်ပတ်အတွင်း
ကိုလက်စထရောအဆင့်နဲ့ ထရိုင်ဂလစ်စရိုက်အဆင့်ကို ကျဆင်းစေတယ်လို့ အာဟာရနဲ့
ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီအကျိုးကျေးဇူးကို
မာလကာသီးမှ မရရှိနိုင်ဘူးလို့ ဆိုပါတယ်။ မာလကာရွက်ဟာ အသည်းအတွင်း အဆီစုဆောင်းမှုကို
ကာကွယ်နိုင်တဲ့ အတွက် လေဖြတ်တာ၊ သွေးတိုးတာ၊ metabolic လက္ခဏာ စုဖြစ်တာနဲ့
အသည်းအဆီဖုံးတာ မဖြစ်အောင် တားမြစ်နိုင်ပါတယ်။
ဒါ့အပြင် မာလကာရွက်မှာ
ပိုးမွှားတွေကို သေစေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာမို့ ဆာမိုနဲလား၊ အီကိုလိုင်နဲ့
Staph အပါအဝင် ဘက်တီးရီးယား အမျိုးအစား အများအပြား ပေါက်ဖွားမှုကို
တားမြစ်နိုင်တယ်လို့ သိရပါတယ်။
၂။ ကင်ဆာရောဂါမှ ကာကွယ်နိုင်အောင် သင်္ဘောရွက်စားပါ
ဖလော်ရီဒါတက္ကသိုလ်မှ ဓာတ်ခွဲခန်း သုတေသနပြု
လုပ်ချက်အရ သင်္ဘောရွက်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး အသည်းကင်ဆာ၊ သားမြတ်နဲ့
မုန့်ချိုအိတ် ကင်ဆာအပါအဝင် ကင်ဆာ အမျိုးအစား ၁၀ မျိုးရဲ့ ကြီး ထွားမှုကို
တားမြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။ သင်္ဘောရွက်ဟာ ဘက်တီးရီးယားနဲ့
ဗိုင်းရပ်စ်ပိုးတွေကိုဖျက် ဆီးပစ်နိုင်တဲ့ သင့်ခန္ဓာကိုယ်တွင်းဆဲလ်တွေ
ထုတ်လုပ်မှုပို ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။
၃။ ရောဂါအမျိုးမျိုးမှ ကာကွယ်နိုင်အောင်
သံလွင်ရွက်စားပါ
သံလွင်ရွက်ဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့
ဗိုင်းရပ်စ်ပိုးတွေကို ၉၈ ရာခိုင်နှုန်း သေစေနိုင်ပါတယ်။ သံလွင်ရွက်ဟာ
ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့အပြင် သူ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ
ွမနနညွှနေ ထက် နှစ်ဆပိုများပါတယ်။ သံလွင်ရွက်မှာ ပါဝင်တဲ့ အဓိကဒြပ်ပေါင်း
Oleuropein ဟာ ဗိုင်းရပ်စ်ပိုးတွေကို သုတ်သင်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
၎။ ဆီးချိုရောဂါ ပျောက်ကင်းအောင် ဘလူးဘယ်ရီအရွက်
အသုံးပြုပါ
ဘလူးဘယ်ရီ အရွက်ဟာ အသီးထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း
ပိုမိုပါဝင်ပါတယ်။ အရွက်မှာ ပါဝင်တဲ့ Anti-Gylcemic ဒြပ်ပေါင်းဟာ သွေးတွင်း
သကြားဓာတ်ကို ထိန်းညှိနိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင်
ကာကွယ်နိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး
GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု
No comments:
Post a Comment