Friday, 23 August 2013

ယောက်ျားပဲဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်ဝမ်းနည်းစရာကောင်းတဲ့ ပုံပြင်လေးတွေတော့ ရှိကြစမြဲပါ။



Myanmar Online News Friday, August 23, 2013
ဒီပုံပြင်လေးတွေကို ကျွန်တော်တို့ဟာ တခါတလေမှာ ဘယ်သူ့ကိုမှမပြောပြပဲ ရင်ထဲမှာပဲ သိမ်းထားတတ်ကြတယ်။ ဒါပေမယ့် ဘယ်သူ့မှမရှိတဲ့အချိန် ၊ တယောက်ထဲ ရှိနေချိန်တွေမှာတော့ အဲ့အရာတွေက ကျွန်တော်တို့ကို ငိုကြွေးစေလောက်တဲ့အထိ ဖြစ်စေတယ်။

ဒါဟာကျွန်တော့တို့ဟာ ပျော့ညံ့တယ်လို့ ဆိုလိုရာမရောက်ပါဘူး။ တစ်ချို့ပုံပြင်လေးတွေဟာ မေ့ပျောက်ဖို့ နှစ်နဲ့ချီပြီးကြာတတ်ပေမဲ့ တစ်ချို့ပုံပြင်တွေက လုံးဝကို မေ့ပျောက်မသွားတတ်ကြပါဘူး။ အဲဒါဟာ ဘာနဲ့တူသလဲဆိုတော့ ကျွန်တော့တို့ရဲ့ နှလုံးသားပေါ်မှာ အမာရွတ်ထင်သွားသလိုပါပဲ။

ဒါဟာ အဖြူရောင် စာရွက်ပေါ်မှာ ဖျက်လို့မရနှိုင်တဲ့ အမည်းရောင်ဆေးစက်လေး တစ်စက်ကြသွားသလိုပဲပေါ့။ လူတွေအမြင်မှာတော့ ကျွန်တော်တို့အားလုံးဟာ အတိတ်ကိုပြန်လှည့်မကြည့်တတ်ကြဘူးလို့ထင်အောင် "ဟန်ဆောင်" နေတတ်ကြတယ်။ ဒါပေမယ့် အပွင့်လင်းဆုံးနဲ့ အရိုးသားဆုံးဝန်ခံကြည့်လိုက်ပါ။ ခင်ဗျားတို့အားလုံး ကိုယ့်ကိုပိုင် မေ့လို့မရတဲ့ အတိတ်ကပုံပြင်တွေအတွတ် မျက်ရည်ကျခဲ့ဘူးသလားလို့......

- Zakky -ခံစားချက်စာစု
Photo = Moon Baby LMN
Cute myanmar girls

No comments:

Post a Comment