Wednesday, 7 August 2013

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်

Myanmar Online News
Wednesday, August 07, 2013

သား !
သား...ငယ်ငယ်တုန်းကပေါ့။
အချိန်တွေအများကြီးယူပြီး အစား စားတက်အောင် ဇွန်းကိုင်တက်အောင်၊ အကျီဝတ်တက်အောင်၊
ကြယ်သီးတပ်တက်အောင်၊ ဖိနပ်ကြိုး ချည်တက်အောင်၊ ဆံပင်ဖြီးတက်အောင်၊ နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက် မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။
အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။ ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။ ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား! သား...သားမှတ်မိအုံးမလား။

သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေး တပုဒ်ကိုလေ။
အဲဒီသီချင်းလေး တပုဒ်ကို အမေ ခုထိ အမှတ်ရနေတုန်းပေါ့ကွယ်။ ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ်၊ တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့ တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား.......

ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ ဖြစ်နေပါပြီ။
သား.....
အခုဆိုရင် အကျီကြယ်သီးတပ်တာ၊ ဖိနပ်ကြိုးချည်တာတောင် ခဏခဏ မေ့နေပါတယ်။
အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊ ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။ သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။ ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။ သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင် ကောင်းကောင်း မရပ်နိုင်၊ လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်အောင်ပါပဲ။ သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်တွေကို ကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း............ :,(

သူငယ်ချင်းတို့ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။ ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။ မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေး တမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ မေ့လျှော့ပါနဲ့လို့ ပြောချင်ပါတယ်။

မိဘမေတ္တာ

မိသားစုကမ္ဘာ
https://www.facebook.com/familyworldonline

No comments:

Post a Comment