Friday, 6 September 2013

ဗုဒ္ဓဘာသာ ၀င်တွေဟာ အုတ်ခဲပုံကြီးကို ရှိခိုး ဦးချနေကြတာ မဟုတ်ပါ



Today Myanma

ပုံတော်မှန်းပြီး ဂုဏ်တော်ကို ရှိခိုးကြတာ ဖြစ်ပါတယ်။ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ် တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁) တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+ သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု=ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း=မိမိတို.၏ ကုသိုလ် ကောင်းမှုများကို ကုသိုလ် ငတ်မွတ်နေသော သတ္တ၀ါများသို. မျှဝေ (share) ပေးရန်

(၇) ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး (စင်ကြယ်ခြင်း ၇မျိုး) ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ.တတ်သည့် ပပဉ္စတရား(၃)ပါးတို. ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန် (သောတာပတ္တိမဂ်မပါဝင်)
(၁၂) ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/ သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော်= စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ် အကြေး(ကိလေသာ)အားလုံး ကင်းစင်သည့် နိဗ္မာန်တရားမြတ်

Wing Mg
 

No comments:

Post a Comment