မုတ်ဆိတ်မွေးရိတ်ပြီးနောက် အသားအရေထိန်းသိမ်းနည်း

Myanmar
Online News Tuesday, September 10, 2013
ဆပ်ပြာနဲ့ အယ်လ်ကိုဟော အခြေခံပြုလုပ်ထားတဲ့ မုတ်ဆိပ်မွေးရိတ်ပြီး
အသုံးပြုရတဲ့အရည်တွေက အရေပြားကို ယားယံစေတာ၊ ခြောက်သွေ့စေတာ၊ ကြမ်းရှရှဖြစ်စေတာ၊
စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီးချိန်မှာ
သင့်အသားအရေကို ထိန်းသိမ်းဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။
၁။ အယ်လ်ကိုဟော အခြေခံထုတ်ကုန်များကို ရှောင်ပါ
မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့အယ်လ်ကိုဟောပါဝင်တဲ့
အရည်တွေက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီင်္းတဲ့အခါ
အသားအရေချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ Balm လိမ်းပေးပါ။
၂။ ကြေးချွတ်အားပြင်းသော ဆပ်ပြာကို အသုံးမပြုပါနှင့်
ဆပ်ပြာအများစုက အယ်လ်ကာလီဓာတ်တွေဖြစ်ပြီး အရေပြားက
အနည်းငယ်အက်စစ်ဓာတ်ဖြစ်နေပါတယ်။ မျက်နှာသစ်တဲ့အခါ၊
မုတ်ဆိပ်မွှေးရိတ်တဲ့အခါတွေမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာဖြစ်စေ၊
မုတ်ဆိပ်မွှေးရိတ်ရာမှာ အသုံးပြုရတဲ့ အမြှုပ်ထစေတာဖြစ်စေ အသုံးပြုတာကြောင့်
အသားအရေခြောက်သွေ့ကာ အရွယ်မတိုင်မီ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။
၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ
သင့်အသားအရေတွေ ခြောက်သွေ့နေပါက အရေပြားရဲ့
သဘာဝကာကွယ်စောင့်ရှောက်မှုစနစ် အားနည်းနေတာကြောင့် အရေးကြောင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်မှု
နည်းစေအောင်အစိုဓာတ်ထိန်းခရင်မ်လိမ်းထားတဲ့အခါ အစိုဓာတ်ကို
ခြောက်နာရီ-၁၂နာရီအထိသာ ထိန်းထားနိုင်ပါတယ်။ အဲဒီအချိန်ထက်ကျော်သွားရင်တော့
အသားအရေခြောက်သွေ့လာတာကြောင့် နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့လိုပါတယ်။
၎။ ကြက်သီးနွေးရေနှင့် မျက်နှာသစ်ပါ
ရေပူပူကို အသုံးပြုပါက သင့်အရေပြားမှာ
သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်လိုက်ပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။
ဒါကြောင့် သင့်အသားအရေအတွက် ကြက်သီးနွေးရေကို အသုံးပြုတာက အသင့်တော်ဆုံးပါ။
မုတ်ဆိတ်ရိတ်တာနဲ့ မုတ်ဆိတ်ရိတ်ပြီး မျက်နှာသစ်ရာမှာ ကြက်သီးနွေးရေကိုသာ
အသုံးပြုပါ။
၅။ လက်သည်း၊ ခြေသည်းကို ဂရုပြုပါ
စစ်တမ်းကောက်ယူမှုအရ မိန်းကလေးအများစုက
ယောက်ျားလေးတွေရဲ့ လက်သည်း၊ ခြေသည်း ဂရုပြုမှုအပေါ် အကဲဖြတ်တတ်တာကို တွေ့ရပါတယ်။
သင့်မျက်နှာကို အမြဲဂရုပြုသလို လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန်ညှပ်ပေးပြီး
ဘေးဆွယ်တွေကို သေချာစွာ တံစဉ်းနဲ့ တိုက်ပေးပါ။ ခြေထောက်ကို ကြေးချွတ်ပေးပြီး
အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်ပေးပါ။
Health
Mg Mandalay
ကျန်းမာရေးစာတိုများစုစည်းမှု
No comments:
Post a Comment