မူးတာကိုး
Myanmar Online News Wednesday, September 11, 2013
မိန်းမလုပ်သူက သူ့ကောင်လေးနဲ့ အိပ်နေတုန်း ယောက်ျားလုပ်သူ ပြန်လာသံကြားလိုက်တယ်
ကောင်လေးက ထွက်ပြေးမလို့ ပြင်တော့... ...
"နေ.. နေ မောင်လေး၊ အိပ်ယာထဲမှာပဲ ဟန်မပျက်နေ၊
ကိစ္စမရှိဘူး၊ သူမူးလာတာ"
ခဏနေတော့ သူ့ယောက်ျား အိပ်ယာထဲဝင်လာတယ်
ဟုတ်ပါ့၊ သူ့မိန်းမရဲ့ ဟိုဖက်ဘေးမှာ လူတစ်ယောက်
အိပ်နေမှန်း မသိဘူး
ဒါပေမယ့် စောင်အောက်ကထွက်နေတဲ့ ခြေထောက်တွေကို
မြင်တော့ ကိုငမူးက မေးတယ်... ...
"အား မီးမ၊ အိပ်ယာပေါ်မှာ မင်းရယ် ငါရယ်ပဲရှိတာ
ခြေထောက်က ခြောက်ခြောင်း ဖစ်နေပါရားကွ"
"ရှင် တအားမူးနေပြီ၊ လေးခြောင်းထဲပါ"
"ခြောက်ခြောင်းပါကွ"
"ကဲ အောက်ကိုဆင်းပြီး ကုတင်ခြေရင်းကနေ
သေချာသွားရေကြည့်"
"အေး... "
ကိုငမူး ကုတင်ခြေရင်းဖက် ဆင်းသွားတယ်
ပြီးတော့ ခြေထောက်တွေကို ပြန်ရေတယ်... ...
"တစ်... နှစ်... သုံး ... လေး၊ အဲ ဟုတ်သား၊
လခွီး ငါတော်တော်မူးနေတာပဲ"
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်
No comments:
Post a Comment