မွေနှစ်ကောင်ပုံပြင်
မြွေနှစ်ကောင်သေပြီးတမလွန်မှာဆုံတဲ့အခါ ပထမမြွေက-
"ငါကရေမြွေ၊ တနေ့လူတွေနဲ့အတွေ့မှာ--“ဒီကောင် ရေမြွေကွ အဆိပ်မရှိဘူး၊
ရိုက်သတ်စားရအောင်ဆိုပြီး” ရိုက်သတ်ခံရလို့
ဒီဘ၀ရောက်လာတာလို့ပြောတော့
ဒုတိယမြွေကလည်း-- ငါက မြွေဟောက်ကွ၊
မင်းလိုပဲလူတွေနဲ့တွေ့တော့ “ဒီကောင်အဆိပ်ပြင်းတယ်၊
အရှင်မထားနဲ့”ဆိုပြီး ၀ိုင်းရိုက်သတ်ခံရတာလို့ပြောတယ်၊ ပြီးတော့
သူတို့တီးတိုးလေးရေရွတ်ကြတယ် "လူတွေက မလွယ်ပါဘူး အဆိပ်မရှိတော့
စားဖို့ဆိုပြီး ရိုက်သတ်ကြတယ်၊
အဆိပ်ရှိတော့လည်း
ရန်များတယ်ဆိုပြီးပြဿနာရှာပြန်ရော"တဲ့။
ဒီပုံပြင်လေးလိုပဲ
လူဆိုတာ ပျော့ညံ့ပြီးရေမြွေလို အဆိပ်မရှိရင်မဖြစ်သလို
မြွေဟောက်လိုအဆိပ်ပြင်းပြီးမာလွန်းရင်လည်းမကောင်းပြန်ဘူး၊
ပျော့ညံ့ရင်အနိုင်ကျင့်ခံရတတ်တယ်၊
မာလွန်းတော့လည်းရန်များတတ်တယ်၊
ဒါကြောင့် အလယ်အလတ်ကျင့်တာပဲကောင်းတယ်၊
အလျှော့ပေးသင့် သူကိုအလျှော့ပေး၊ ခပ်မာမာ ခပ်တင်းတင်းဆက်ဆံမှရမယ့်သူကို မာမာ
တင်းတင်းဆက်ဆံ၊ “မီးစင်ကြည့်က”ဆိုတာ ဒါမျိုးကိုပြောတာပဲ။
No comments:
Post a Comment