Today Myanmar
(ကျွန်မတို့လို မိန်းကလေးတွေ သိထားသင့်ပါတယ်ရှင်...)
ကျွန်မ အသက် ၃၅ ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်က ဘယ်ဘက် Nipple မှာ အရည်ကြည်နည်းနည်း
ထွက်ပါတယ်။
ရေချိုးပြီး တဘက်နဲ့သုတ်ပြီးတဲ့အခါမှာ အရည်ကြည်လေး
နည်းနည်း တွေ့ပါတယ်။ နောက်ပိုင်း မတွေ့တော့ အမှတ်တမဲ့ နေဖြစ်ပါတယ်။ ရာသီမလာခင်နဲ့
လာပြီးအချိန် အကျိတ်အဖုတွေ မိမိဘာသာ စမ်းသပ်ဖြစ် ပါတယ်။ အကျိတ်အဖုတော့
မစမ်းမိပါဘူး။ တစ်လကို သုံးလေးကြိမ်တော့ ကိုက်ပါတယ်။ ရာသီမလာခင် ကော၊
လာပြီးချိန်ကော ကိုက်ပါတယ်။ ဘယ်ဘက်က ပိုကိုက်ပါတယ်။
နောက်ပိုင်း ရာသီလာပြီးကြာမှလည်း
ကိုက်ပါတယ်။ ဘယ်ဘက်ပဲ ကိုက်ပါတယ်။ Breast နဲ့ ပတ်သက်တဲ့ ဆရာ့ ဆောင်းပါးတွေ ဖတ်ပြီး
လွန်ခဲ့တဲ့ နှစ်ပတ်က သေချာ မိမိကိုယ် ပြန်စစ်ပါတယ်။ စမ်းတာ အကျိတ် မတွေ့ပေမယ့်
ဘယ်ဘက်က ကျွန်မ Nipple ကို ညှစ်ကြည့်တော့ အရည်ကြည်နည်းနည်း ပြန်ထွက်နေပါ တယ်။
Nipple ဘေးက အဖုလေးကနေ ထွက်တာပါ။ ဘယ်ဘက် အဖုလေး နှစ်ခုကနေ ထွက်ပါတယ်။ ညာဘက်ကိုလည်း
ညှစ်ကြည့်တော့ အဖုတစ်ခုကနေ ထွက်ပါတယ်။ ရေလို အရောင်ဖြစ်ပြီး အနံ့ မရှိပါ။
အများကြီးတော့ မဟုတ်ပါ။ နည်းနည်းလေး စေးကပ်ကပ် ဖြစ်ပါတယ်။ ဘယ်ဘက် Nipple က
အရင်တည်းက နို့ပါးစပ် ဖြစ်ပါတယ်။ ကျွန်မလည်း Mammogram သွားရိုက် ကြည့်ပါတယ်။
ရာသီလာပြီး ရိုက်တာ ကောင်းတယ်လို့ ဖတ်ရပေမယ့် နှစ်ပတ်လောက်ကြာမှ
သွားရိုက်ဖြစ်ပါတယ်။ စာဖတ်တာ နောက်ကျသွားလို့ပါ။ ကိုက်လည်းကိုက်၊ အရည်လည်း
ထွက်တဲ့အချိန် ဖြစ်ပါတယ်။ Film ပြားကိုတော့ ပို့လို့ မရပေမယ့် Report ကို Scan
ဖတ်ပြီးပို့လိုက်ပါတယ်။ အပျိုဖြစ်ပြီး အရည်ထွက်တော့ စိုးရိမ်မိပါတယ်။ ကျွန်မအလုပ်
Air-con ရုံးခန်းမှာ Manager ရဲ့ ဆေးလိပ်ငွေ့ကိုတော့ နေ့တိုင်း ရူနေရပါတယ်။
အခုဖြစ်နေတာနဲ့ ဆက်စပ်မှု ရှိ-မရှိလည်း မသိပါဘူး။ ဘာဆက် လုပ်သင့်တယ်ဆိုတာကို
ညွှန်ကြားပေးပါရန်။ အိမ်ထောင်မရှိပါ။ ဆက်ဆံမှုရော တစ်ခါမှ မရှိဘူးသေးပါ။
ရာသီပုံမှန်လာပါတယ်။ တစ်ခါတစ်လေ တစ်ပတ်၊ နှစ်ပတ် ကျော်သွားတတ်ပါတယ်။ တားဆေး
မသောက်ဘူးပါ။
ဆရာရှင့် သမီးအသက် 24 နှစ်ပါ။
သားသမီးမရှိပါပဲ ရင်သားမှနို့ရည်ထွက်နေပါတယ်ဆရာ။ ရင်သားကင် ဆာနဲ့ ပတ်သတ်တယ်ဆိုတာ
ဟုတ်ပါသလား။ ရာသီလည်း ပုံမှန်မလာပါဘူး။ လာခဲ့ရင်လည်း အလွန်နည်း ပါတယ်။ ရာသီလာချိန်
မဲမဲအဖတ်များ ဆင်းလာတတ်ပါတယ်ဆရာ။ မိန်းမကိုယ်မှလဲ စပ်ပါတယ်။ သားအိမ်
ကင်ဆာနဲ့ရောဆက်စပ်မှု ရှိပါသလားဆရာ ရှင်းပြပေးပါ ။
Nipple discharge နို့သီးထိပ်ဖျားကနေ
တခုခုထွက်တာဟာ များသောအားဖြင့် ရောဂါမဟုတ်ပါ။ ဒါပေမဲ့ ရင်သားအတွက် ဆရာဝန်ဆီကို
လာပြသူတွေထဲမှာ Breast lumps ရင်သား-အကျိတ် နဲ့ Breast pain ရင်သား-နာတာပြီးရင်
တတိယ အများဆုံး ဖြစ်တယ်။ ဆယ်ကျော်သက် ယောက်ျားလေး၊ မိန်းကလေးတွေ မှာလဲ Puberty
အရွယ်ရောက်ချိန်မှာ ဖြစ်နိုင်သေးတယ်။ ကိုယ်ဝန်မဆောင်တဲ့ မိန်းကလေးတွေ၊ ကလေးနို့
တိုက်နေတဲ့ အမျိုးသမီးတွေမှာ နို့ကနေ အရည်တခုခုထွက်တာ စိုးရိမ်စရာ မရှိတတ်ဘူး။
ဆရာဝန်ကိုတော့ တိုင်ပင်သင့်တယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဘယ်အရွယ်ဖြစ်ဖြစ်
ဆေးစစ်ရမယ်။
နို့ကနေ အရည် ထွက်တာဟာ တဖက်ထဲကနေရော
နှစ်ဖက်လုံးကပါဖြစ်စေနိုင်တယ်။ အလိုလိုထွက်တာနဲ့ ညှစ်ကြည့်မှ ထွက်တာ ဖြစ်နိုင်တယ်။
ရေလို၊ နဲနဲပျစ်ပျစ်၊ အတော်ပျစ်ပျစ်၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ အလို လိုလဲ
ပျောက်သွားနိုင်တယ်။ အသက် ၄ဝ ကျော်မှ ထွက်ရင်၊ ရင်သားထဲမှာ အကျိတ်လဲရှိနေရင်၊
သွေးပါနေရင်၊ တဖက်ထဲက သတ်သတ်မှတ်မှတ် ထွက်နေရင် ဆေးစစ်ပါ။
Types of discharge နို့ကနေထွက်တဲ့
အရည်အမျိုးအစားတွေ
- Cloudy white color
အများဆုံးဖြစ်တတ်တဲ့ ခပ်နောက်နောက် အဖြူရည် Galactorrhea ဆိုတာကြောင့်
ဖြစ်နိုင်တယ်။
- Clear or light white
အဖြူရောင်အရည်ကြည်ဟာ ကိုယ်ဝန်ဆောင်ချိန်မယ် ထွက်တယ်။
- Red သွေးပါတဲ့ အနီရောင်ဟာ Infection
ပိုးဝင်တာ၊ Intraductal papillomas နို့ပြွန်ရောဂါနဲ့ Breast cancer
နို့ကင်ဆာတွေကြောင့် ဖြစ်မယ်။
- Whitish-yellow ဖြူဝါဝါ၊ Yellow အဝါ
နဲ့ Green ခပ်စိမ်းစိမ်းဟာ Infection ပိုးဝင်လို့ထွက်တဲ့ Pus ပြည် ဖြစ်တယ်။
ဖြစ်နိုင်ခြေရှိတဲ့
ရောဂါမှန်သမျှရေးချရရင် -
၁။ Abscess ပြည်တည်နာ၊
၂။ Breast cancer နို့ကင်ဆာ၊
၃။ Breast infection
ရောဂါပိုးဝင်တာ၊
၎။ Excessive breast stimulation
နို့ကို နိုးဆွမှုလုပ်တာ များတာ၊
၅။ Fibroadenoma
(ဖိုင်ဘရို-အဒီနိုးမား) ကင်ဆာ မဟုတ်တဲ့ နို့အကျိတ်၊
၆။ Fibrocystic breasts
(ဖိုင်ဘရို-ဆစ်စတစ်) ရောဂါ၊
၇။ Ductal carcinoma in situ (DCIS)
နို့ထွက်ပြွန်ထဲမှာသာရှိတဲ့ ကင်ဆာ၊
၈။ Galactorrhea (ဂလက်တိုးရီးယား)
ရောဂါ၊
၉။ Hormone imbalance ဟော်မုန်း
အချိုးအစား ပြောင်းလဲတာ၊
၁ဝ။ Injury or trauma to the breast
ထိခိုက်ဒဏ်ရာရတာ၊
၁၁။ Intraductal papilloma
နို့ထွက်ပြွန်ထဲ ကင်ဆာ မဟုတ်တဲ့ (ပက်ပလိုမား) ရောဂါ၊
၁၂။ Mammary duct ectasia
(အတက်ဆီးယား) နို့ပြွန်ရောဂါ၊ Thyroid disorder လည်ပင်းကြီးနဲ့ ပတ်သက်တယ်။
၁၃။ Medication
ဆေးဝါးတွေကြောင့်ဖြစ်တာ၊
၁၄။ Paget's disease of the breast
(ပေးကျက်စ်) ရောဂါ၊
၁၅။ Pregnancy ကိုယ်ဝန်၊
၁၆။ Prolactinoma (ပရိုလက်တီနိုးမား)
ရောဂါ တွေ ဖြစ်တယ်။
ဆေးတွေကြောင့် နို့က
တခုခုထွက်နိုင်တယ်။
- Antidepressants စိတ်ကျလို့
သောက်ရတဲ့ Monoamine oxidase inhibitors (MAOIs) နဲ့ Selective serotonin reuptake
inhibitors SSRI’s ဆေးတွေ။ ဥပမာ Citalopram (Celexa), Fluoxetine (Prozac),
Paroxetine (Paxil), Sertraline (Zoloft) နဲ့ Tricyclics တွေကြောင့်လဲ
ဖြစ်နိုင်တယ်။
- Anxiolytics အိပ်ဆေး၊
- Alprazolam (Xanax), Buspirone
(BuSpar) စိတ်ရောဂါဆေး၊ Atenolol (Tenormin), Methyldopa (Aldomet), Reserpine
(Serpasil), Verapamil (Calan) သွေးကျဆေး၊ Phenothiazines (Thorazine, Compazine)
စိတ်ရောဂါဆေး၊
- Cimetidine (Tagamet), Famotidine
(Pepcid), Ranitidine (Zantac) လေနာရောဂါဆေး၊
- Estrogen + Medroxyprogesterone
acetate (Prempro, Premphase) ဟော်မုန်းဆေး၊ Contraceptives ကိုယ်ဝန်တား
စားဆေး-ထိုးဆေးတွေ၊
- တိုင်းရင်းဆေးတွေ = Anise, Blessed
thistle, Fennel, Fenugreek, Marshmallow, Nettle, Raspberry, Red clover
- Cannabis (Marijuana), Opiates
မူးယစ်ဆေးတွေ
နို့ကနေ အရည်တခုခုထွက်တာဟာ Breast
cancer နို့ကင်ဆာ မဖြစ်ဘို့များတယ်။ တကယ်လို့ ရာသီလာ ချိန် တလထဲမှာ နို့က
အရည်ထွက်ပြီး လကုန်လို့လဲ မပျောက်ရင် ဆရာဝန်ပြပါ။ ဆေးသောက်နေတာကို စစ်ဆေးပါ။
နို့သီးထိပ်ဖျားကို မဆွပါနဲ့၊ ညှစ်ကြည့်တာမျိုး သိပ်မလုပ်ပါနဲ့။ အတွင်းခံ
တင်းကျပ်မနေစေပါနဲ့။
Dr. တင့်ဆွေ
No comments:
Post a Comment