၁။ နည်းတောင် နည်းသေးတယ် ၂။ မှတ်ပြီလား
ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီး ဧည့်သည်အားလုံးက
`လှလိုက်တာ၊ လှလိုက်တာ´ ၀ိုင်းဝန်း ချီးကျူးကြသည်။
ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသော အမျိုးသမီးသည် အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့်
ဘယက်ကို ချွတ်ပေးသည်။
စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။ နောက်ဆုံးတွင်
စိန်ဘယက် ပျောက်သွားတော့သည်။ အိမ်ရှင်က စိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
“ကျီစားတာဆိုရင် လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကို ကျွန်တော်
ငွေဖလား တင်ထားမယ်။”
မီးခလုတ်ကိုပိတ်လိုက်ပြီး တစ်ရာထိ ကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့
အချိန်မှာ
စိန်ဘယက်ကို ငွေဖလားထဲမှာ ပြန်တွေ့ရမယ်လို့… မျှော်လင့်ချင်ပါတယ်။
မီးကိုပြန်ဖွင့်လိုက်သည်….
ငင်..... တွားပီး...
ငွေဖလားပါ မရှိတော့ဘူးဟ
စိတ္တဇ ဟာသများ
= = =
မှတ်ပြီလား
တစ်နေ့ လူတစ်ယောက် နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကို မှန်မှန်စားဗျာ။ အဆီအဆိမ့်ကိုလျှော့စား။
အသီးအနှံတွေ များများ စားပေးဗျ။ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ။ အခွံတွေကလဲ
အားရှိတယ်။ ဒါနဲ့ ခင်ဗျား ဘာသီး အကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန် ဘာပြန်ပြောရမှန်းမသိ
ဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....
လူနာ - အုန်းသီး
စိတ္တဇ ဟာသများ
No comments:
Post a Comment