Wednesday, 4 September 2013

ကင်းမလက်မည်း ( BLACK SCORPION )



Today Myanmar
တစ်နေ့မှာ အဘိုးအို တစ်ယောက်ဟာ ရေနစ်နေသော ကင်းမြီးကောက် တစ်ကောင်ကို တွေ့ခဲ့တယ်။ ထိုအခါ သူဟာ ကယ်ဖို့ ဆုံ့းဖြတ် လိုက်ပါတယ်။ အဘိုးအိုဟာ ကင်းမြီးကောက်၏ လက်ကို ကိုင်လိုက်တဲ့ အခါ ကင်းမြီးကောက်က အဘိုးအိုအား ကိုက်လိုက်ပါတယ်။

ထိုအခါ အဘိုးအိုဟာ လက်ကို ခါရမ်းလိုက်တယ်။ ကင်းမြီးကောက်ကို မကယ်နိုင်တဲ့အပြင်လက်လည်း အရမ်းနာကျင် သွားတယ်။ အဘိုးအို ကယ်မြီးကောက်ကို ကယ်တင်နေတာကို ဘေးနားကနေ ကောင်လေး တစ်ယောက်က ရပ်ကြည့် နေပါတယ်။

ထိုအခါ ကောင်လေးက အဘိုးအိုကို အခုလိုပြောတယ်။

" အဘိုး ကင်းမြီးကောက်က အဆိပ်ရှိတယ် ဘာကြောင့် ကယ်ရတာလည်း " အဘိုးက အခုလို ပြန်ပြောပါ တယ်။" ကောင်လေး ကင်းမြီးကောက်ဆိုတာ ကတော့ ကိုက်တတ်တဲ့ သတ္တဝါမို့လို့ ကိုက်မှာပဲ " လို့ ပြန်ပြောလိုက်တယ်။

ကောင်လေး နားမလည် ဖြစ်သွားတယ်။ ထိုအချိန်မှာပဲ အဘိုးအို ဟာ ဘေးနားမှာ ရှိတဲ့ သစ်ရွက် တစ်ရွက် ကို အသုံးပြုပြီး ကင်းမြီးကောက်ကို ကယ်လိုက်တယ် ဆိုပါတော့။

ထိုအခါ ကင်မြီးကောက်လည်း မြေပေါ်သို့ရောက်ရှိ သွားပြီး အသက်ဘေးမှ လွတ်မြောက် သွားပါတယ်။ အဘိုးအိုက ကောင်းလေးကို နောက်ထပ် စကားတစ်ခွန်း ထပ်ပြီးပြော လိုက်ပါတယ်။

လောကမှာ သဘာဝတရားဆိုတာ မပြောင်းလည်းတဲ့ အရာပဲ။ ပြောင်းလဲရမှာက လူတွေရဲ့စိတ်။ ကင်းမြီး ကောက် ကတော့ ကိုက်တတ်တဲ့ သတ္တဝါ မို့လို့ ကိုက်မှာပဲ။ 

ရိုးရာလေး

No comments:

Post a Comment