အစက တို့မပြောလား
Myanmar Online News Wednesday, September 4, 2013
ကောင်လေးတစ်ယောက် ကျဉ်းမြောင်းမတ်စောက်တဲ့
တောင်ကြားလမ်းအတိုင်း ကားမောင်း တက်လာနေပါတယ်။
မိန်းကလေး တစ်ယောက်ကလည်း အဲဒီလမ်းအတိုင်းပဲ ကားမောင်း ဆင်းလာနေတယ်။
လမ်းခွတ်လတ်၊ ကားနှစ်စီး မျက်နှာချင်းဆိုင် ဖြတ်ကြတော့...
မိန်းကလေးက ကားပြူတင်းကနေ ခေါင်းထွက်ပြီး
သူ့ကိုအော်တယ်...
"ဟေ့... နွားကြီး.. နွားကြီး"
သူကလဲ ကားတံခါးကနေ ကမန်းကတန်း ခေါင်းထုတ်ပြီး
ပြန်ဆဲတယ်... ....
"အောင်မယ်... သောက်ကမြင်းမ... မသာမ"
ပြီးတော့ စိတ်ထဲကနေ ကြိမ်းဝါးလိုက်သေးတယ်...
'မှတ်ထား ..ကောင်မ၊ ငါ့ကို ဒါမျိုးလာကြောလို့
ဘာရမလဲ'.. တဲ့
ဒါနဲ့ ကားဆက်မောင်းလာလိုက်တာ...
ရှေ့နား တောင်ဆွယ် အကွေ့တစ်ခုရောက်လို့ ကားကိုလဲ ကွေ့လိုက်ရော...
ရှေ့မှာ မဲ ကနဲမြင်တာနဲ့ ဆွဲရှောင်လိုက်တယ်
မရဘူး တိုက်တာဘဲ... ...
"ဒုန်း.."
မျက်လုံးဖွင့်ကြည့်လိုက်တော့ လမ်းလယ်ကောင်မှာ... ...
နွားကြီး
ဂျိုကြီးကိုထောင်လို့
ပြောသားနဲ့
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
No comments:
Post a Comment