Sunday, 1 September 2013

တောင်းပန်ပါတယ်



Myanmar Online News Sunday, September 1, 2013

ခင်မင်းအိမ်တစ်ယောက် သူ့အဖေ ဦးမဲလုံးရှေ့ မျက်နှာငယ်လေးနဲ့ ရောက်လာတယ်
ပြီးတော့ မဝံ့မရဲနဲ့ ပြောရှာတယ်... ...
"ဖေဖေ၊ သမီးမှာ ကိုယ်ဝန် ၂လရှိနေပြီ"
"ဘာာာ... ဘယ်ကောင်နဲ့ရတာလဲ ပြော၊ တာဝန်မယူလို့ကတော့ သတ်ပစ်မယ်၊ မဲလုံးကွ ထောင်ထွက်ကွ၊ ခုခေါ်စမ်း အဲ့ဒီအကောင်ကို"

...ဆိုတော့ ကောင်လေးကို ဖုန်းဆက်ခေါ်လိုက်တယ်၊
ခဏနေတော့ အိမ်ရှေ့မှာ ဖာရာရီပြိုင်ကားလေးတစီး ဆိုက်လာတယ်
ကားပေါ်က ကောင်လေးတစ်ယောက်ဆင်းလာတယ်
ဧည့်ခန်းထဲဝင်လာပြီး ကောင်လေးက ပြောတယ်... ...

"ဦးရယ် တောင်းပန်ပါတယ်၊ ကျနော်တို့ မျိုးရိုးပြသနာအရ ခင်မင်းအိမ်ကို လက်ထပ်လို့ မရပါဘူး၊ ကျနော်ဖက်က လုပ်ပေးနိုင်တာက... ...
1. ယောက်ျားလေးမွေးရင် ကျနော်ပိုင်တဲ့ ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံ၊ ကွန်ဒိုမီနီယံတစ်လုံး၊ ရိုးရွိုက်ကား ၂စီး ပေးပါမယ်
2. မိန်းကလေးမွေးရင် ဗိုလ်ချုပ်ဈေးထဲမှာ ရတနာဆိုင်တစ်ဆိုင်၊ ဝင်ဒါမီယာမှာ ခြံနဲ့တိုက်၊ လင်ခရုဆာကားတစီး ပေးပါမယ်
3. အဲ... ကိုယ်ဝန်ပျက်ကျသွားရင်တော့... "

... ဆိုပြီး ကောင်လေးက သူ့စကားကို ရပ်ထားလိုက်တယ်

ဦးမဲလုံး ထိုင်ရာက ထ,တယ်
ခင်မင်းအိမ်က စိုးရိမ်တကြီး သူ့အဖေနဲ့ သူ့ရည်းစားကို ကြည့်နေတယ်
ကောင်လေးကလဲ စိုးရွံ့တဲ့ မျက်နှာလေးနဲ့....

ဦးမဲလုံးက ကောင်လေးနားကပ်သွားတယ်
ပြီးတော့...
ကောင်လေးပုခုံးနှစ်ဖက်ကို အသာကိုင်ရင်း ပြောတယ်... ...

"... ကိုယ်ဝန်ပျက်ကျသွားရင်တော့ သားရယ်
ဦးတောင်းပန်ပါတယ် နောက်တစ်ကြိမ် ကြိုးစားပေးပါအုံးလို့"

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment