Sunday 1 September 2013

ကိုယ့်စကားနဲ့ကိုယ်



Myanmar Online News Saturday, August 31, 2013
ညဏ်ရည်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ဟာ အလုပ်တစ်နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်သွားပါတယ်။
နောက်တဆင့်အနေနဲ့ လူတွေ့အင်တာဗျူးဖြေရမှာပါ။
ကုမ္မဏီလူကြီးတွေကလဲ သူ့ရဲ့ရေးဖြေစာမေးပွဲမှာ ဖြေထားတာတွေကို အတော်လေးသဘောကျနေပါတယ်။

ဒီလိုနဲ့ အင်တာဗျူးနေ့ ရောက်လို့လာပါပြီ
လူကြီးတွေက ဘာမေးမေး သူက အကုန်လုံးဖြေနိုင်နေပါတယ်။
ဒါနဲ့ သူ့ကိုနောက်ဆုံး ဂျောင်ပိတ်မေးခွန်းမေးဖို့ စ,လာပါတယ်… …

“ခုနောက်ဆုံးအနေနဲ့ မေးခွန်းအလွယ် ၁ဝခု မေးရမလား၊ မေးခွန်းအခက် ၁ခု မေးရမလား ဆိုတာ မင်းကိုယ်တိုင်ရွေး"

“မေးခွန်းအခက် ၁ခု မေးပါ”

“ကောင်းပြီ၊ ကြက်ဥ နဲ့ ကြက်မ ဘယ်ဟာက အရင်လဲ”

ကောင်လေးက ခဏ စဉ်းစားပြီး ဖြေတယ်… ….

“ကြက်မက အရင်ပါ”

“ဘာကြောင့်အဲလို ပြောနိုင်တာလဲ”

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

“မေးခွန်းတစ်ခု ပြည့်သွားပါပြီ”.... တဲ့

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment