Today Myanmar
၁. over weight ဖြစ်နေလျှင် weight
ချပါ။ Weight တက်သည်နှင့် သွေးပေါင် တက်တတ်သည်။ Model တစ်ယောက်ကဲ့သို့
ပိန်ရန်မလိုသော်လည်း weight ကျသည်နှင့် သွေးပေါင် ကျသွားလိမ့်မည်။
၂. ဥာဏ်နှင့်ယှဉ်ပြီး စားပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊
အဆီနည်းအောင် လုပ်ထားသော နို့ ၊ အဆီ
နည်းသော အစားအစာများက သွေးပေါင်ကိုကျစေပြီး
ပြည့်ဝဆီနှင့် cholesterol တက်စေသော အစာများက သွေးပေါင်ကို တက်စေသည်။
၃. အငန်လျော့စားပါ။ ဆားကိုအပေါ့စားခြင်းသည်
သွေးပေါင်ကိုကျစေသည်။ အသင့်ဖြစ် အစားအစာများဖြစ်သော အာလူးကြော်၊ ငါးမုန့်ကြော်နှင့်
freezer ထဲတွင်ထားသော အစားအစာများ ထက် Fresh food ကို စားခြင်းက သွေးပေါင်ကို ကျစေသည်။
၎. အရက်သောက်တတ်ပါက လျော့သောက်ပါ။
ယောကျာ်းများသည်အများဆုံး အရက်၂ခွက် သာသောက် သင့်ပြီး မိန်းမများသည် အများ
ဆုံးအရက် ၁ခွက်သာသောက်သင့်သည်။ အရက်များများ သောက်ပါက သွေးပေါင်ကို တက်စေပါသည်။
၅. ဆေးလိပ်မသောက်ပါနှင့်။ သွေးပေါင်တက်လျှင်
နှလုံးရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေရန် အခွင့်အလမ်းများသည်။ အကယ်၍ ဆေးလိပ်ပါ သောက်
ပါ က ၄င်းရောဂါများဖြစ်ရန် အခွင့် အလမ်း ပိုများသွားမည်။
၆. လေ့ကျင့်ခန်းလုပ်ပါ။ ရက်သတ္တပတ်၏ ရက်
တော်တော်များများမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးပေါင်ကို ကျစေသည်။ သင်၏အားကစားဖိနပ်ကို
ဘီဒိုထဲ သိမ်းထားမည့်အစား အကျိုးရှိစွာ အသုံးပြုပါ။
၇. တရားထိုင်ပါ။ ဘဝ၏ သွေးတိုးစေသည့် များစွာသောဖိစီးမှုများ
ပြေပျောက်စေရန် တရားထိုင်ပါ။ တရားထိုင်ခြင်းသည် သွေးပေါင်ကို သိသာစွာ ကျစေပါသည်။
ဝင်းအိ
Health Updates Journal
No comments:
Post a Comment