Today Myanmar
နနွင်းရဲ့ အရောင်ကျ အာနိသင်ဟာ ကင်ဆာ၊ အယ်လ်ဇိုင်းမားနဲ့ တခြားရောဂါတွေ မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်နေရာမှာ ရေပန်းစားတာလဲ
အိန္ဒိယနိုင်ငံမှာ အသုံးများပါတယ်။
ဟင်းချက်ပြုတ် ပြင်ဆင်ရာမှာ အဓိကသုံးတဲ့ နနွင်းမှုန့်ကို နှာရည်ယိုခြင်း ပြဿနာမှ
ရင်ဘတ်အောင့်တဲ့ ပြဿနာအထိ အရာရာတိုင်းမှာ ရိုးရာ အာရှဆေးတစ်လက် အဖြစ် သုံးလေ့ရှိ
ပါတယ်။
ဘာကြောင့် သုံးသင့်တာလဲ
လေ့လာမှုတွေအရ နနွင်းမှုန့်ထဲမှာ
အဓိကပါဝင်တဲ့ Curcumin ဟာ ကိုလက်စထရောပမာဏ လျော့ကျ စေကြောင်း သိရပါတယ်။
တိရစ္ဆာန်တွေကို လေ့လာမှုအရ နနွင်းဟာ အကျိတ်ဖြစ်ပေါ်ခြင်း ကို တားဆီးပေး နိုင်ကြောင်း
သိရပါတယ်။ အခုလတ်တလော လေ့လာမှုအရ နနွင်းမှုန့်ဟာ ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမား
ရောဂါနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ကြောင်း သိရပါတယ်။
ဘယ်လိုသုံးသင့်တာလဲ
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်
အပူပေးပြီး နနွင်းမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ်နဲ့ ငရုတ် ကောင်းမှုန့်
အနည်းငယ်ထည့်ကာ တစ်မိနစ်ခန့် မွှေပါ။ (ငရုတ်ကောင်းမှုန့်ဟာ နနွင်းမှုန့်ထဲက Curcumin ဂုဏ်သတ္တိကို
၂၀၀၀ ရာခိုင်နှုန်းနဲ့အထက် မြင့်တက်စေနိုင်ပါတယ်။) မွှေပြီးမှ ဟင်းသီးဟင်းရွက်၊
အသားငါး ထည့်ကာ ကြော်စားပါ။
Ref: Good Health
No comments:
Post a Comment