Wednesday, 4 September 2013

ဦးနှောက်ကို အမြဲနုပျိုနေစေရန် ပြုလုပ်နိုင်မည့် အချက်များ

Today Myanmar
(၁) လှုပ်ရှားပါ

လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်းကြောင့် ဦးနှောက်ဆံခြည်မျှင် သွေးကြောဖွဲ့စည်းမှု ကောင်းမွန်ပြီး သွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

(၂) အစာကျွေးပါ

ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင် သောကြောင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကို ချေဖျက်ပေးနိုင်သည်။

(၃) အရှိန်တင်ပါ

ဦးနှောက်လုပ်ငန်းများသည် အသက်သုံးဆယ်ဝန်းကျင်မှ စ၍ ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦးနှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ်ရန် သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေ သစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။

(၄) စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်ဥာဏ် မှတ်သားနိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေသည်။ နာတာ ရှည် စိတ်ဖိစီးမှု ခံရသောအခါ ဦးနှောက်၏့ ippocampus ဟုခေါ် သော အစိတ်အပိုင်းသည် မှတ်ဥာဏ် မှတ်သားနိုင်စွမ်း လျော့နည်းလာသည်။

(၅) ရယ်ပါ

ဟာသဓါတ်ခံ ရှိခြင်းကြောင့် ဦးနှောက်မှ ဒိုပါမင်း (dopamine) ဟော်မုန်းများ ထွက်ရှိလာပြီး စိတ်ကြည်လင် ချမ်းမြေ့မှုကို ပေးစွမ်းနိုင်သည်။ ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များ အတွက် အားဆေး တစ်ခု လည်း ဖြစ်သည်။

ဇော်ကို
Source:RD
Health Updates Journal

No comments:

Post a Comment