ယောင်္ကျား၊ မိန်းမနဲ့ အိမ်ထောင်သည်

Myanmar
Online News Wednesday, September 4, 2013
သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့
ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့
လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့
အထဲဝင်ဖို့ အားခဲနေကြတယ်”
သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ
ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”
သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊
လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”
သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို
ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန်
ပရိဘောဂ”
သာ ဓု- “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့
မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက်
ပိုနေတယ်”
သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့
ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး
မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက်
ကောက်ယူနိုင်တာတော့ အမှန်ပဲ”
သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ….၊ ခြုံလိုက်ရင် အိုက်တယ်၊
ဖယ်လိုက်ရင် ချမ်းတယ်”
သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို
မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့ အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”
သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ
မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”
သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို
ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ
မိန်းမကိုလဲတယ်၊ အဲ မိန်းမကတော့ ဘာမှ မခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”
သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့
အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”
သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”
သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက
ဝီစကီနှစ်ခွက်”
သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ
အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့
လူပါလားလို့ ချီးကျုးတဲ့အခါမှာ”
သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့
လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို
ခံရတဲ့ဘ၀ကို
ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ ဘ၀နဲ့
လဲလိုက်ခြင်းပဲပေါ့”
သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက်
မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို
ချီးမွမ်းကြည့်”
သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား
လက်ကိုင်ပ၀ါတစ်ထည်ဝယ်ပေးလိုက်”
သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့
ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို
အဆုံးခံမလားလို့မေးတယ်၊ မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”
သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ
ကွာသလဲလိုပဲပေါ့”
သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ
စိတ်မပူဘူး”
သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး
ပိုက်ဆံလည်း ချမ်းသာတဲ့
ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”
သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့
ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင်
ယောက်ျားတွေ အတော်များများ
လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”
သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က
အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”
သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင်
လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့
မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ
ပိုကောင်းတယ်”
သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”
( စာဖတ်သူများရော ဘယ်လိုခံစားမိလဲ သိချင်လို့ Forward
Mail ထဲ ဟာလေးကို ပြန် Forward လိုက်တာပါ)
Sharing For All
No comments:
Post a Comment