Friday, 6 September 2013

အရှုံးပေးခြင်းနှင့် သည်းခံခြင်း


Dr Shwe Tun's photo.
စိတ်ရှည်ရှည်ခြင်း နှင့် သည်းခံခြင်းကို၊ တချို့က တူသည်ဟု ထင်ကြသည်၊သည်လိုထင်သောသူလည်း များလှပါသည်မဟုတ်ပါလား။
ရိုးရှင်းစွာပြောရလျှင်...စိတ်ရှည်ခြင်းက အမှားနည်းနည်းရှိဦးမည်၊ ချက်ချင်းကြီးတော့မဟုတ်ပါ၊ `အရှည်´သူသည်မှာ အဆုံးရှိသော အရာပင်ဖြစ်သောကြောင့်တည်း၊။
ထိုသို့စိတ်ရှည်နေခြင်းက အဆုံးကိုလွန်သော် ပေါက်ကွဲတတ်ပါ၏၊\သည်းစွာ ပေါက်ကွဲတတ်ပါ၏၊ပြင်းစွာ ထိရှတတ်ပါ၏၊ မိမိကိုယ်ကို ပြင်းထန်စွာ ထိခိုက်လာနိုင်၏။
သည်းခံခြင်းဟူသည်မှာ လုံးဝအမှားကင်းသော အရာဖြစ်၏၊ ဖြူစင်၏၊ ကြည်နူး၏၊၊ မပင်ပန်း မဆင်းရဲ၊ အလွန်ချမ်းသာသော အကျင့်သည်သည်းခံခြင်းတစ်ခုသာရှိပါ၏။
တချို့က ဆိုကြသေး၏....သည်းခံခြင်းက အရှုံးပေးတာပါပဲ...ဟုဖြစ်၏၊ အလွန်မှားပါသည်၊ ထိုသို့ဆိုသောသူသည်၊ ခက်ထန်၏၊မာနကြီးပါ၏၊ ပညာမဲ့ပါ၏။
အမှန်ပြောရသော်...ထိုသူသည် မဟာလူမိုက်ကြီးတဦးဖြစ်ပါ၏။အရှုံးပေးဟူသောစကားသည် ယှဉ်ပြိုင်ပြီးမှ ထွက်ပေါ်လာသော စကားဖြစ်၏။
ယှဉ်ပြိုင်နေစဉ်မှာ မည်မျှအရှုံးပေါ်နေပါသလော ၊ မသိမသာရှုံးပါသည်၊ မသိမသာက အထိနာလှပါသည်၊ သာသာနှင့် နာနာဆိုသလိုပင်ဖြစ်သည်။
အရှုံးပေး နှလုံးအေး ဟုဆိုသော်လည်း၊ အရှုံးပေးပြီးလျှင် နောက်ဆက်တွဲ စိတ်ခံစားခြင်းကဆင်းရဲလှပါ၏။
`ငါအရှုံးပေးလိုက်လို့ သူက ထပ်ပြီး အနိုင်ယူဦးမှာလား၊ ထပ်ပြီးနှိပ်ကွပ်မှာလား၊ စောစောကတည်းက အနိုင်ယူလိုက်ရင်သာ ငါ့ကို ဆက်ပြီးတော့ထိရဲမှာဟုတ်ဘူး၊.....စသည်စသည် အားဖြင့် အများကြီးတွေရှိပါ၏။
အမှန်လည်း အရှုံးပေးသောသူသည် သည်လိုအတွေးမျိုး နောင်တမျိုးကို တွေးနေမှာ အမှန်ပင်ဖြစ်၏။....
သည်းခံခြင်းကသာလျှင် သည်းခံနေစဉ်မှာလည်း ဒေါသကို ထိန်းချုပ်ထားလို့အကုသိုလ်မဖြစ်။
ပွဲပြီးရင်လည်း မိမိသည်းခံခဲ့သောကြောင့်နစ်နာသည်ဟု မတွေး၊ သည်းခံခဲ့သောကြောင့် နှစ်သက်ခြင်းပီတိပင်ထပ်ဆင့် ဖြစ်လိုက်သေး၏၊ အလွန်ချမ်းသာပါသည်။ အလွန်မြတ်နိုးစရာကောင်းပါသည်၊ အံသြ ချီးကျူးစရာကောင်းလှပါသည်။
.နောက်ဆုံးပြောချင်သည်မှာ........
အရှုံးမပေးပါနှင့် ၊ အရှုံးပေးရင် အရှုံးပေါ်လာလိမ့်မည။
်ဉာဏ်ပညာဖြင့် သည်းခံကြပါ ။
စာပေရိပ်မွန် စာအုပ်စင် မှ ကူးယူပါသည်။

No comments:

Post a Comment