Friday, 6 September 2013

ကြည့်ပုံချင်းမတူတာပါ ...



Today Myanmar
အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဟာ အသက်အရွယ်ကြီး နေပြီဖြစ်တဲ့ သူ့ရဲ့မိဘတွေဆီ  အလည်အပတ် သွားပါတယ်။ 

ရေဆာလွန်းတာကြောင့် ရောက်ရောက်ချင်းပဲ ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါမှာတော့ ရေကူးဝတ်စုံ လေးသာ ၀တ်ထားပြီး ရုပ်ရည်ချောမောလှပသလို ကိုယ်လုံးကိုယ်ထည်ကလည်း တောင့်တင်း လှပလွန်းတဲ့ အမျိုးသမီးလေး တစ်ဦးရဲ့ ဓာတ်ပုံကို အထဲမှာ ကပ်ထားတာမြင်လိုက် တာကြောင့် သမီးဖြစ်သူဟာ အရမ်း ကို အံ့အားသင့်သွားပါတော့တယ်။ 

သမီး - "အမေ.. ဒီဓာတ်ပုံက ဘာလုပ်ဖို့ကပ်ထားတာလဲ" 

မိခင် - "ဪ.. အဲဒါက အစားအစာတွေကို လိုအပ်တာထပ် ပိုပြီးမစားမိအောင် သတိပေးတဲ့ အနေနဲ့ ကပ်ထားတာပါကွယ်" 

သမီး - "အလုပ်ကော ဖြစ်ရဲ့လား.. အမေရယ်" 

မိခင် - "အင်း.. ဖြစ်တယ်လို့လည်း ပြောလို့ရသလို မဖြစ်ဘူးလို့လည်း ပြောလို့ရတယ်ကွဲ့။ အမေကတော့ ရှစ်ကီလို လျော့သွားတယ်။ ညည်း အဖေကတော့ ကီလို ၂၀ တောင် တက်လာ သေးတယ်အေ" 

 မို့မို့သော် ဘာသာပြန်သည်
(အင်တာနက်)
 

No comments:

Post a Comment