Saturday 30 November 2013

ကင်ဆာရောဂါ ရှိမရှိကို ပျားများဖြင့် ထောက်လှမ်းနိုင်ရန် စမ်းသပ် 24-11-2013





ပျားများသည် ကင်ဆာရောဂါ ရှိသူထံမှ ရှူထုတ်လိုက်သော လေကို သိသာစွာ ခွဲခြားနားလည်နိုင်ကြောင်း ဆိုအာရက်စ်က အခိုင်အမာ ဆိုသည် ပျားများကို အသုံးပြုပြီး ကင်ဆာရောဂါ ဖြစ်နေခြင်း ရှိမရှိ အလွယ်တကူ ထောက်လှမ်းနိုင်မည့် နည်းလမ်းတစ်ခုကို ပေါ်တူဂီ ပညာရှင် တစ်ဦးက စမ်းသပ်နေကြောင်း သိရသည်။ ဒီဇိုင်းပညာရှင် တစ်ဦးဖြစ်သည့် ဆူဆာနာ ဆိုအာရက်စ်က လေ့ကျင့်ပေးထားသည့် ဝတ်ရည်စုပ် ပျားကောင်များကို အသုံးပြုကာ လူအများ၏ ကင်ဆာရောဂါ ဖြစ်နေနိုင်သည့် အခြေအနေကို အဖြေထုတ်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ ပျားများသည် ကင်ဆာရောဂါ ရှိသူထံမှ ရှူထုတ်လိုက်သော လေကို သိသာစွာ ခွဲခြားနားလည်နိုင်ကြောင်း ဆိုအာရက်စ်က အခိုင်အမာ ဆိုသည်။ သူမက လေ့ကျင့်ပေးထားသော ပျားတစ်ကောင်ကို အခန်းငယ် တစ်ခုတွင် ထားရှိကာ လူတစ်ဦး၏ လေကို ရှူထုတ် ထိတွေ့စေရမည်ဟု ရှင်းပြခဲ့သည်။ ပျားများ၏ အာရုံခံ စနစ်သည် လူတစ်ဦး ရှူထုတ်လိုက်သောလေ၌ ကင်ဆာ၏ အငွေ့အသက်ကို သိရှိခံစားနိုင်ကြောင်း ဆိုအာရက်စ်က ယုံကြည်ထားသည်။ ထို့ကြောင့် ကင်ဆာရောဂါ ရှိသူ၏ ရှူထုတ်လေကို ထိတွေ့မိသည်နှင့် အဆိုပါ အခန်းငယ်လေးကို စွန့်ခွာကာ အခြားအကန့်တစ်ခုသို့ အလျင်အမြန် ကူးပြောင်းသွားကြောင်း သူမ၏ တွေ့ရှိချက်က ပြသလျှက်ရှိသည်။ အကယ်၍ ကင်ဆာရောဂါ မရှိသူ တစ်ဦးက လေရှူထုတ်လိုက်လျှင်မူ လေ့ကျင့်ပေးထားသော ပျားတွင် ကြီးကြီးမားမား အနှောင့်အယှက်မျိုး သက်ရောက်ဟန် မတူကြောင်းလည်း သူမက ပြောကြားခဲ့သည်။ "ဒီပျားတွေကို လေ့ကျင့်ပေးဖို့က (၁၀)မိနစ်လောက်ပဲ လိုပါတယ်။ တကယ်လို့ လေရှူထုတ်လိုက်သူဟာ ကင်ဆာရှိရင် ပျားလေးတွေက တခြားအခန်းငယ်လေးထဲကို အသည်းအသန် ပျံသန်းသွားတတ်တယ်။ ကျွန်မတို့က ဒီပျားတွေကို တိကျတဲ့ ပစ်မှတ်အတွက် အာရုံစိုက်ဖို့ လေ့ကျင့်ပေးလိုက်ရုံပါပဲ"ဟု ဆိုအာရက်စ်က ပြောဆိုသွားသည်။ ခွေးများတွင် ရှိနေသော အနံ့ခံစွမ်းရည်ကို အသုံးပြုကာ ဗုံးရှာဖွေမှုမျိုး ပြုလုပ်သည့် နည်းလမ်းမျိုးကို အခြေခံကာ ဆိုအာရက်စ်က ပျားများတွင် ပုံစံတစ်မျိုးပြောင်း အသုံးပြုခဲ့ခြင်းဟုလည်း သိရှိရသည်။ Planet Myanmar Network

No comments:

Post a Comment