Saturday 30 November 2013

အုန်းရည်ကြည်



လူတစ်ယောက်ရဲ့ သွေးကြောထဲကို နေ့စဉ် သောက်သုံးနေတဲ့ ရေတွေသွင်းလို့ မရပါဘူး။ ပြင်းအားမတူတဲ့အတွက် ရေတွေ သွင်းလိုက်မယ်ဆိုရင် သွေးဥတွေ ပေါက်ကွဲတာ၊ ဖောရောင်တာတွေဖြစ်ပြီး အသက်သေဆုံးနိုင်ပါတယ်။ ဒါပေမယ့် အုန်းရည်ကိုတော့ သွင်းလို့ ရပါတယ်။ အုန်းရေဟာ လူရဲ့ သွေးရည်ကြည် (Plasma) နဲ့ နီးစပ် ဆင်တူတယ်လို့ ဆိုပါတယ်။
ပစိဖိတ် စစ်ပွဲအတွင်းမှာ သွေးကြောထဲကို သွေးရည်ကြည်အစား အုန်းရည်သွင်းပြီး လူထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ထပ် ထူးခြားတဲ့ အချက်က အုန်းရည်ဟာ နွားနို့ထက်ပိုပြီး အဟာရပြည့်ဝပါတယ်။ အုန်းရည်မှာ လူကို လန်းဆန်းစေတဲ့ သကြားဓာတ်၊ ဆားဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အပြည့်အ၀ ပါပါတယ်။
အုန်းရည်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စွမ်းအားဖြည့် အချိုရည် (Energy Drink) ဖြစ်ပါတယ်။ ပြီးတော့ သဘာဝ အချိုရည်လည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ တွေ့ရတဲ့ အချိုရည် အများစုထက် အုန်းရည်မှာ ပိုတက်စီယမ်ဓာတ်တွေ ပိုမို ပါဝင်ပါတယ်။ အုန်းသီးတစ်လုံးက ရတဲ့ အုန်းရည်မှာ ကလိုရိုက်ဓာတ် ၁၁၈ မီလီဂရမ် ပါဝင်ပါတယ်။ သကြားဓာတ်က ၅ မီလီဂရမ်လောက် ပါဝင်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ အုန်းရည်မှာ ပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ဟာ အခြားအချိုရည်တွေမှာ ပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ထက် နည်းတယ်ဆိုတာပါပဲ။

No comments:

Post a Comment