Thursday 14 November 2013

အစား စားပြီးပြီးခြင်း မလုပ်သင့်တဲ့ အရေးကြီး ( ၇ ) ချက်

သတင်းဘုရင်
၁- ဆေးလိပ် မသောက်သင့်ပါ။
အစား စားပြီးချင်း ဆေးလိပ်သောက်ပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများစေပါတယ်။

၂- သစ်သီးများ ချက်ခြင်း မစားသင့်ပါ။
သစ်သီးများချက်ခြင်းစားမိပါက လေထိုးလေအောင့် ဖြစ်စေသောကြောင့် အသားစားပြီး ၁နာရီ ၂နာရီခန့် ကြာမှ သစ်သီးများ စားသင့်ပါတယ်။

၃- လဘ္ဖရည် မသောက်သင့်ပါ။
လဘ္ဖရည်မှာ အက်ဆစ်ပါဝင်မှုနှုန်း မြင့်မားတာကြောင့် အစာခြေဖြတ်တဲ့ နေရာမှာ အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။

၎- ခါးပတ် မပတ်ရပါ။
ခါးပတ် ပတ်တဲ့အခါမှာ သင့်ခါးပတ်နောက်က ၀မ်းတွင်းရှိ အူတွေကို လိမ်ကျစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

၅- ရေမချိုးသင့်ပါ။
ရေချိုးလိုက်တဲ့အခါမှာ သွေးစီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး သွေးအားကောင်းလာကာ သင့်အစာအိမ် ပတ်လယ်တွင် သွေးများပိုမို စီးဆင်းလာပြီး အစာခြေဖြတ်မှုကို အားနည်းလာစေမှာပါ။

၆- လမ်းမလျှောက်ပါနဲ့ ။
ဒါကတော့ လူ ၁၀၀မှာ ၉၉ယောက် လက်ခံထားတဲ့ အမှားကြီးဖြစ်နေပါတယ်။ အစာစားပြီးဖြစ်ဖြစ် အသားစားပြီးဖြစ်ဖြစ် လုံးဝ လမ်း မလျှောက်သင့်ပါ။ အစာစားပြီး လမ်းလျှောက်တဲ့ အခါမှာ ကျွန်ုပ်တို့ စားလိုက်တဲ့ အစာတွေထဲက အဟာရရှိစေမယ့် ဓါတ်တွေကို သင့်အစာခြေစနစ်အားလုံးမှ စုပ်ယူနေမှု
ဆက်အလုပ်မလုပ်နိုင်ပဲ ဖြစ်လာစေပါမယ်။

၇- မအိပ်ပါနဲ့ ။
အစာစားပြီး အိပ်တာဟာ အစာခြေဖြတ်ခြင်းကို အားနည်းစေပြီး။ အစာအိမ်ရောဂါနှင့် အခြား အူနဲ့  ဆိုင်သော ရောဂါဖြစ်ပွါးခြင်းကို ဦးတည်ဖြစ်စေပါလိမ့်မည်။

ZK(ကနောင်)_Scientist Myanmar

No comments:

Post a Comment