Sunday 24 November 2013

အရက်သောက်သူများအတွက် ဆောင်ရန်များ



လူမှုရေးအရ အသောက်အစားမကင်းတဲ့သူတွေထဲမှာ သင်တို့လဲပါနေမယ်ထင်ပါတယ်။ အရက်မသောက် ဖူးလို့  စမ်းပြီးစသောက်တဲ့သူ ဒါမှမဟုတ်လဲ အရက်ဘားတွေမှာ ပုံမှန်ရှိနေတတ်သူ ဖြစ်နေရင်တော့ အရက် သောက်လွန်ပြီး အရက်နာကျတဲ့အဖြစ်နဲ့ ကြုံတွေ့ နိုင်ကိန်းများပါတယ်။

အရက်နာကျပြီး နိုးလာရတဲ့ မနက်တွေကတော့ သင့်ရဲ့ မနေ့ ညက သောက်ထားတဲ့ အရက်ပမာဏပေါ် မူတည်ပြီး သင့်တစ်နေလုံးတာ လုပ်ရမယ့်အလုပ်တွေအတွက် စိတ်ပျက်စရာကြီးတွေ ဖြစ်စေနိုင်ပါတယ်။ တချို့ သူတွေကတော့ အရက်နာကျနေရင် သောက်တဲ့ ဆေးတွေကို သောက်ပြီး ဝေသနာတွေကို ပိုခံစားနေရ တတ်ပါတယ်။ ဒီလိုဆေးတွေသောက်ပြီး ဝေသနာတွေခံစားနေရတာထက်စာရင် အိမ်မှာ တခြားအရက်နာ ကျသက်သာအောင် လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းတွေကိုအသုံးချကြည့်ပါ။

၁) ဗီတာမင်အားဖြည့် အချိုရည်

အခုဆိုရင် ဗီတာမင်အားဖြည့် အချိုရည်တွေကို စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါပြီ။ ဒီတော့ ဗီတာမင်အားဖြည့် အချိုရည်နှစ်ဘူး၊ သုံးဘူးလောက်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားကြပေါ့။ ဗီတာမင် အားဖြည့် အချိုရည်တွေကို ဗီတာမင် ဘီ၊ စီအစရှိတဲ့ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်မျိုးတွေနဲ့ ပြုလုပ်ထား လို့  အရက်နာကျနေခြင်းကို သက်သာစေနိုင်ပါတယ်။ သတိပြုရမယ့် တစ်ချက်ကတော့ ကိုယ်သောက်သုံး မယ့် ဗီတာမင်အားဖြည့် အချိုရည်မှာ သကြားဓာတ်(ဆေးသကြား) ပါဝင်မှု အရမ်းမများစေပါနဲ့ ။ အကယ်လို့ သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပဲဖြစ်ဖြစ် သောက်ဖို့ ရက်ချိန်းတွေ ကြိုရှိနေရင်တော့ ဗီတာမင်အားဖြည့် အချိုရည်ကို နေ့ တိုင်းကြိုသောက်ထားပါ။ ဒါမှ သင့်ခန္ဓာကိုယ်က အရက်နာကျတာကို ကြိုပြီး ခံနိုင်ရည်ရှိမှာပါ။ ဗီတာမင်အားဖြည့် အချိုရည်ကို ရေထပ်ရောပြီး သောက်သုံးနိုင်ပါတယ်။

၂) လိမ္မော်ရည်၊ ကြက်ဥနဲ့ သရေစာတစ်ချို့ 

လိမ္မော်ရည်ကတော့ အရက်နာကျ သက်သာအောင် ကူညီပေးနိုင်တဲ့ အိမ်တွင်းထဲမှာ အကောင်းဆုံးနဲ့  အထိ ရောက်ဆုံးအရာပါပဲ။ လိမ္မော်ရည်ထဲမှာ ရေဓာတ်ကို အမြန်ဖြည့်တင်းပေးနိုင်တဲ့ ဓာတ် နဲ့  ဗီတာမင် စီကတော့ မူးဝေအော့အန်ချင်စိတ်တွေကို လျော့နည်းစေပါတယ် ။ ကြက်ဥပြုတ်၊ ပေါင်မုန့်  မီးကင်တို့ နဲ့ လည်း တွဲဖက် စားသုံးနိုင်ပါတယ်။ ကတောက်ကစ ဖြစ်နေသလိုပါပဲ၊ ဒါပေမယ့် ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်က အယ်လ်ကိုဟောလ် အဆိပ်အတောက်တွေ အသည်းကို မထိခိုက်စေနိုင်အောင် စစ်ထုတ်ပေးနိုင်ပါတယ်။ ပေါင်မုန့် မီးကင်ကတော့ အရက်ကြောင့် ဖြစ်တဲ့ ရင်ပြည့်ရင်ကယ်တာ ဒါမှမဟုတ် အန်ချင်သဖွယ်ဖြစ် တာတွေကို မဲသွေးအာနိသင်နဲ့  ခြေဖျက်ပေးနိုင်ပါတယ်။

၃) ကော်ဖီ

နောက်ထပ် ကမ္ဘာမှာ ကျော်ကြားဆုံး အရက်နာကျခြင်းကို သက်သာစေနိုင်တဲ့ အရာကတော့ ကော်ဖီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အရက်နာကျတာကို လျော့ကျစေနိုင်တဲ့ ကိုးကိုးဓာတ် အမြောက်အများ ပါဝင် နေတာကို လူတော်တော်များများ မသိကြပါဘူး။ ကော်ဖီကို တစ်ထိုင်တည်းနဲ့  အများကြီး သောက်ချဖို့  မလိုပါ ဘူး၊ နေ့ ဘက်တွေမှာ တစ်ခွက်၊ နှစ်ခွက် သောက်သုံးထားရုံနဲ့ လည်း အရက်နာကျခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။ ကဖိန်းဓာတ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခေါင်းမူးခေါင်းကိုက်တာတွေကို ဖြစ်စေတဲ့ အရက်တွေကို လျှင်မြန်စွာ ခြေဖျက်ပေးနိုင်ပါတယ်။

၎) အကိုက်အခဲပျောက်ဆေး

အိမ်တိုင်းမှာတော့ ဖျားနာပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးစတဲ့ အရေးပေါ်ဆေးတွေကို ဆောင်ထား တတ်ကြမှာပါပဲ။ အရက်နာကျလို့ နေထိုင်မကောင်းတာမျိုးဖြစ်နေရင် အကိုက်အခဲပျောက်ဆေးကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံမသောက်သုံးမိပါစေနဲ့ ။ ဆေးတစ်လုံးပဲ သောက်နှင့်ပြီး ဆေးစွမ်းပြတဲ့အချိန်ထိ စောင့်ပါ။

၅) လေ့ကျင့်ခန်းလုပ်ခြင်း (အခက်ခဲဆုံး အရက်နာကျခြင်းကို ပျောက်ကင်းအောင်လုပ်တဲ့ နည်းလမ်းပါပဲ)

အရက်နာကျတာကို ပျောက်ကင်းအောင်လုပ်ဖို့ ဆိုရင် စိတ်ဓာတ် တော်တော်ကြံ့ခိုင်မှဖြစ်မှာပါ။ အခုပြော မယ့် လေ့ကျင့်ခန်းကအားကစား (gym) အထိလေ့ကျင့်ခန်းသွားလုပ်ဖို့  ကိုပြောတာမဟုတ်ပါဘူး။ လမ်းလျှောက်စက်ပေါ်မှာ ပုံမှန်ပြေးသလိုပြေးပြီး၊ ဒိုက်ထိုးခြင်းတွေကို ပြုလုပ်ပေးရုံပါပဲ။ လေ့ကျင့်ခန်း ပြုလုပ်ပြီး ချွေးထွက်သွားရင် အရက်နာကျတာ တော်တော် သက်သာစေနိုင်ပါတယ်။

၆) ချင်း(ဂျင်း)ပြုတ်ရည်

ချင်းပြုတ်ရည်ကို အအေးမိ၊ ချောင်းဆိုး၊ နာမကျန်းဖြစ်နေချိန်တွေမှာပဲ သောက်ဖို့  သတိရတတ်ကြတယ် မဟုတ်လား။ အရက်နာကျလို့ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တာကို ချင်းပြုတ်ရည်က သက်သာပျောက် ကင်းစေနိုင်ပါတယ်။ အစာအိမ်ထဲမှာရောက်နေတဲ့ အရက်တွေကိုလည်း အမြန်ဆုံး ချေဖျက်ပေးနိုင်ပြီး အရက် နာကျတာကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။

၇) ငှက်ပျောသီး

အရက်နာကျခြင်းကို ကာကွယ်နိုင်တဲ့ အရေးပေါ်အစားအစာပါပဲ။ အရက်ဘားတွေကို သွားတော့မယ်ဆိုရင် ငှက်ပျောသီး နည်းနည်း ကြိုစားထားနှင့်ပါ။ ငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်ဓာတ်က carbohydrates တွေနဲ့ ပေါင်းစပ်သွားပြီး အစာအိမ် အူလမ်းကြောင်းမှာရှိတဲ့ အရက်တွေကို ခြေဖျက်ပေးနိုင်လို့  အရက်နာ ကျတာကို သက်သာစေနိုင်ပါတယ်။

By Trend Myanmar

No comments:

Post a Comment