Thursday 14 November 2013

သွားများညီညာလှပစေရန်



ကလေးသွားများကို ဂရုစိုက်ပါ

ကလေးသွားများသည် အသက် ၆ လခန့်မှစပေါက်ပြီး ၁၄ လဝန်းကျင်တွင် စုံတက်ပါသည်။ ကလေးအများစုမှာနို့ပိုးစားကြပါသည်။ ထိုသို့မစားရစေရန် မိခင်က အလျင်းသင့်သလို ကလေး၏ သွားတွင်ကပ်နေသော နို့နှစ်များအား ရေစိုဂွမ်းဖြင့် ဖယ်ရှား ပေးသင့်ပါသည်။ ကလေးအသက် ၁ နှစ် ကျော်လျှင် သွားပွတ်တံ ဖြင့်တိုက်ပေးသင့်သည်။

အဘယ့်ကြောင့် သွားများ ပိုးမစားသင့်သလဲ

အဓိက အားဖြင့်အချိန်မတိုင်ခင် သွားများ မဆုံးရှုံးစေလိုသောကြောင့်ဖြစ်သည်။ စောစီးစွာ ဆုံးရှံးလျှင် ရရှိနိုင်သောဆိုးကျိုးများမှာ သွားဖုံးသားမာလာ၍ လူကြီး သွားမထွက်နိုင်ခြင်း ၊ ဘေးဘက်မှသွားများ ၎င်းနေရာသို့ရွေ့လာခြင်း ၊ ထိုသို့ဖြစ်လာပါက ကြီးသွားမပေါက်နိုင်ခြင်း ဘေးဘက်မှ ထွက်လာရခြင်း များဖြစ်တက်ပါသည်။
အကယ်၍ နောက်ကျလွန်းမှ နှုတ်လျှင်သော်၎င်း ကျွတ်မထွက်လျှင်သော်၎င်း ဖြစ်တက်သော ဆိုးကျိုးမှာ ကျန်ရှိနေသော ငယ်သွားအောက်မှကြီးသွားသည် ထွက်မလာနိုင်ခြင်း ဘေးဘက်မှ ထွက်လာရခြင်း များဖြစ်တက်ပါသည်။ ဤသို့အားဖြင့် သွားများကျဲခြင်း ထပ်ခြင်း ယိုင်ခြင်း မညီမညာဖြစ်ခြင်း ခေါခြင်း များဖြစ်တက်ပါသည်။

အကျင့်များ

အချို့ ကလေးများမှာ လက်မစုပ်သောအကျင့်ရှိပါသည်။ ထိုအကျင့်သည်  လူကြီးသွားများ စုံသည်အထိ ရှိနေပါက အပေါ်ရှေ့သွားများ ခေါပြီး ကျဲလာခြင်း အပေါ်မေးရိုး မောက်တက်လာခြင်း ၊ အောက်သွားများ အတွင်းဘက်သို့ ယိုင်ခြင်း များဖြစ်တက်ပါသည်။

အချို့ ကလေးများမှာ လျှာဖြင့် ထိုးသောအကျင့်ရှိသည်။ ထိုသို့ထိုးလျှင် ရှေ့သွားများခေါ၍ ကျဲလာပါသည်။ အချို့ ကလေးများ မှာ နှုတ်ခမ်းများအတွင်းသို့ လိက်နှိုတ်သော အကျင့်များ ရှိတက်ပါသည်။ ထိုသို့ပြုလုပ်ပါလျှင် သွားများအတွင်းသို့ ယိုင်သွားခြင်းများဖြစ်တက်ပါသည်။

အားလုံး ညီညာလှပသော သွားများ ပိုင်ဆိုင်ကြပါစေ !!!!

ပီတိ
15/11/2013
Friday

No comments:

Post a Comment