Thursday 14 November 2013
ရေယုန်ပေါက်ရင် ဘာလုပ်ရမလဲ
ဒေါက်တာရှင့် …သမီးအသက် ၂၅ နှစ် ရှိပါပြီ။ ပြီးခဲ့တဲ့ ရက်က သမီးနှုတ်ခမ်းမှာ အရည်ကြည်ဖုလေး နှစ်လုံးသုံးလုံး ဖြစ်လာတယ်ဆရာ။ အဲဒီ အရည်ကြည်ဖုလေးက အခုတော့ ပေါက်သွားပြီး နှုတ် ခမ်း ရောင်သလို ဖြစ်ရပါတယ်။ သမီးတို့ ရပ်ကွက်နဲ့ ဆေးခန်းက အတော်ဝေးပေမဲ့ ဆေးခန်းသွားပြ ခဲ့ပါတယ်။ ဆရာဝန်က ရေယုန်ပေါက်တာလို့ ပြောပြီး ဆေးပေးလိုက်လို့ အခုတော့ သက်သာစ ပြုနေပါပြီ။ သမီး သိလိုတာက ရေယုန်က သမီးတို့လို လူကြီးတွေလည်း ပေါက်တာပဲလား ဆရာ။ သမီးကြားဖူးတာ ရေကျောက် ပေါက်ပြီးတဲ့ လူပဲ ရေယုန်ပေါက်တာ မဟုတ်ပါလား။ မြဖူးခိုင် (ပျဉ်းမနား)
သမီး မြဖူးခိုင်ရဲ့ ရေယုန်ကတော့ ရေကျောက်ကြောင့် ပေါက်တဲ့ ရေယုန် မဟုတ်ဘဲ အားနည်းလို့၊ နေလောင်ခံလို့ ဖြစ်တဲ့ ရေယုန်အဖြစ် ဆရာယူဆ မိပါတယ်။ ရေယုန်တွေ မျက်လုံးတစ်ဝိုက် ပေါက်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့ (၁) ရေယုန်ကြောင့် ဖျားပါက ကိုယ်ပူကျဆေး သောက်ပါ။ ရေများများသောက်ပါ၊ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။
အရေးကြီးဆုံးက စိတ်ဖိစီးမှုတွေ ဖျောက်ဖို့နဲ့ နေလောင် မခံဖို့ပါပဲ။ အရည်ကြည်ဖုတွေ ပြည်တည်လောက်အောင် ပိုပွားလာရင်တော့ ကြပ်ကြပ်မတ်မတ် ကုသဖို့ လိုအပ်ပါတယ်။ သမီး မြဖူးခိုင် တစ်ယောက် ရေယုန်ကင်းစင် အလှဖြာဝေနိုင်ပါစေ။ ။
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment