Friday 15 November 2013

ဟာသများ စုစည်းမှု ၃



Myanmar Online News
သေရေးရှင်ရေး
Friday, November 15, 2013

တခါသော် လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။

ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။

ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက်သေရေးရှင်ရေး ဖြစ်နေလို့ပါ။ အခုလောလောဆယ် ကျနော့အခန်းထဲမှာ
အဝတ်အစားမပါ၊ ဗလာကျင်းနဲ့ မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။

ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေး။?

ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့ ပွဲချင်းပြီးဘဲဗျို့။။

~~~~~~~~~~~~~~~~~~~~~~~~~~
ဦးမောင်ကြီး
cr >> original writer
အထာကျတဲ့ အာဂ ဟာသများ
=   =   =
Myanmar Online News
ဟင့်အင်း ပြောဝူး
Friday, November 15, 2013

“ဘူတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”

“၀မ်းနည်းပါတယ် ၊ မပြနိုင်ပါဘူး”

“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”

“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

ဦးမောင်ကြီး

cr >> original writer
အထာကျတဲ့ အာဂ ဟာသများ
=   =   =
Myanmar Online News
ပြောစကားမှနားမထောင်တာ
Friday, November 15, 2013

ခရီးသည်တစ်ယောက်က သဲကန္တာရထဲမှာ ရေငတ်နေတဲ့အတွက် ရေရှာရင်းနဲ့ တဲလေးတစ်လုံးဆီကို ရောက် လာ ပါတယ်။ အဲဒီတဲမှာ ခုံလေးတစ်လုံးနဲ့ လည်စီးတွေ ထိုင်ရောင်းနေတဲ့ လူတစ်ယောက်ကိုပဲ တွေ့လိုက် ရတယ်။

ခရီးသည် ကျေးဇူးပြု၍ဗျာ၊ ကျွန်တော်သေမလောက်ကို ရေငတ်နေပါတယ်။ ရေလေး များ ရနိုင်မလားလို့ပါ။

ဆိုင်ရှင် ရေတော့မရှိဘူးဗျ၊ ဒါပေမယ့် လည်စီးလေး ဝယ်သွားပါလားဗျာ။ ဒီတစ်ခုက ဆိုရင် ခင်ဗျား အခုဝတ် ထားတဲ့ ဝတ်စုံနဲ့လဲ သိပ်လိုက်တာပဲ။

ခရီးသည် (စိတ်တိုစွာဖြင့်) အရူးလားဗျ။ လည်စီးလိုချင်တာမှ မဟုတ်တာ။ ရေသောက် ချင်နေပါတယ် ဆိုမှ။

ဆိုင်ရှင် ရပါတယ်။ မဝယ်နဲ့ပေါ့။ ဒါပေမယ့် ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက် ကောင်းတယ် ဆိုတာ ခင်ဗျားမကြာခင် သိလာမှာပါ။ ဟောဟိုမှာ တောင်ကုန်းကလေး တွေ့တယ်မဟုတ်လား။ အဲဒီ အပေါ်မှာ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ။ (၅)မိုင်လောက်တော့ ဝေးတယ်။ အဲဒီအထိ လျှောက်သွား ရင်တော့ ခင်ဗျားရေသောက်ရမှာပါ။

ခရီးသည် ကျေးဇူးတင်တယ်ကွာ။

ခရီးသည်ဟာ တောင်ကုန်းလေးဆီကို လျှောက်သွားခဲ့တယ်။ နောက် (၃)နာရီလောက်ကြာတဲ့အခါ တဲလေးဆီ ကို ခရီးသည် ရေဆာနေတဲ့ပုံစံနဲ့ပဲ ပြန်ရောက်လာပါတယ်။

ဆိုင်ရှင် ကျွန်တော်ပြောတာက စားသောက်ဆိုင်က (၅)မိုင်လောက်ပဲ ဝေးတာပဲလေ။ ခင်ဗျားရှာမတွေ့ခဲ့ ဘူးလား။

ခရီးသည် တွေ့ပါတယ်ဗျာ။ ဒါပေမယ့် သူတို့ဆိုင်က ကျွန်တော့်ကို လည်စီးမပါလို့ဆိုပြီး ပေးမ၀င်ဘူးဗျ .

cr & thz >>original writer
ဦးမောင်ကြီး

အထာကျတဲ့ အာဂ ဟာသများ
=   =  =
Today Myanmar
တစ်ခါက ခေတ်မ ကောင်းတဲ့ချိန်ပေါ့ဗျာ။
သူခိုးနှစ်ယောက် မြို့တက်ပြီး လာတယ်။
ကံကောင်းချင် တော့ ဘေးတွဲဆိုင် ကယ်ကြီးတစ်စီး သော့တန်းလန်းနဲ့ ရပ်ထားတာတွေ့လိုက် ရတယ်။ သူခိုးတစ်ယောက် က ပွပြီ် ဟေ့ကောင် ရေ ပိုင်ပြီကွလို့ပြောပြီး
သူက မောင်းတဲ့နေရာပေါ်တက် ကျန်တဲ့ကောင်က ဘေးက ထိုင် ခုံပေါ်တက် ပြီး အ သေ မောင်းပြေးကြသတဲ့။
မောင်းတဲ့သူခိုးလည်း အသေမောင်းပြေးတယ်။ ၁၅ မိနစ်လောက် ကြာတော့ ဘေးကသူခိုးကို ကြည့်လိုက်တယ်။ မျက်နှာကြီးကနီပြီး ဘာမှ မ ပြောနိုင် ဘူး။

မောင်းတဲ့ကောင် လည်း ဆက်ပြီးဘာမှ မ ပြော တော့ဘဲ အသားကုန် မောင်းတယ်။
နောက်ထပ် ဆယ့်ငါးမိနစ်လောက် ကြာတော့ ဘေးက သူခိုးကိုမေးတယ်။ သူ့မျက်နှာကြီးက နီပြီး မျကိလုံးကြီးပါပြူးနေတယ်။ မောင်းတဲ့ကောင် လည်း စိတ်မရှည်တော့ဘူး။ ဟေ့ကောင် ဘာဖြစ်နေတာလဲဆိုတော့။ ဘေးတွဲပေါ်က သူခိုးက
ဟေ့ကောင် ဟေ့ကောင် အရှိန်လျှော့ အရှိန်လျှော့။ ထိုင် ခုံက အ ပေါက်ကြီး ငါပြေးလိုက်လာတာ။ တဲ့
=   =   =
Myanmar Online News
ချက်တင်.... chatting လောက
Thursday, November 14, 2013

Me : နေကောင်းလား သုနန္ဒာ

Thu Nanda: ကောင်းပါဧ။်

Me : ဘာလုပ်နေလဲ?

Thu Nanda: စာဖတ်နေသည်

Me : နာမည်လေးက ချစ်စရာလေးနော်..
သု၊ ဒါမှမဟုတ် နန္ဒာ လို့ခေါ်မယ်နော်..

Thu Nanda: ကြိုက်သလိုသာခေါ်ပါလေ

Me : နာမည်အပြည့်အစုံက ဘယ်လို့ခေါ်လဲဟင်?

Thu Nanda: ဦးသုနန္ဒာ လင်္ကာရ

Me : OMG!!! I thought you're a girl.. sorry.. အဲ ကန်တော့.. ဦးတင်ပါတယ်ဘုရား။ ကန်တော့..ကန်တော့.

ဟာသလေးများ...

No comments:

Post a Comment