Tuesday 12 November 2013

ပဲစောင်းလျားသီး၏ ကျန်းမာရေး အစွမ်း



ပဲစောင်းလျာသီးကို ပူပြီးစွတ်စိုတဲ့ နိုင်ငံတွေမှာ အတွေ့များပါတယ်။ ယေဘုယျ အားဖြင့် နွယ်ပင် တစ်ပင် အနေနဲ့ပေါက်ရောက်တဲ့ ပဲစောင်းလျားပင်ဟာ ပျမ်းမျှအားဖြင့်3-4မီတာလောက် မြင့်ပါတယ်။ ပဲစောင်းလျားပင်ရဲ့အမြစ်ဟာ အာလူးနဲ့ဆင်တူပြီးအာလူးထက် ပရိုတင်းဓာတ်ပါဝင်မှု ပိုများပါတယ်။

ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှု

ပဲစောင်းလျားသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လစီယမ်၊ သံဓာတ်နဲ့ တစ်ခြားဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အင်ဇိုင်းတွေလဲ ပါဝင်ပါတယ်။

အရိုးစနစ် ကျန်းမာစေခြင်း

ပဲစောင်းလျားသီးမှာ ကယ်လစီယမ် ပါဝင်မှု များတဲ့အတွက် လူတွေရဲ့အရိုးစ နစ်အတွက် အလွန် အကျိုးပြုပါတယ်။ ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ ကယ်လ စီယမ်ဓာတ်ဟာ အရိုးစနစ်ကို တည်ဆောက် ပေးပြီး ရောဂါဝေဒနာတွေ မရအောင် ကာကွယ်ပေးကာ သန်စွမ်းကျန်းမာစေပါတယ်။

ပရိုတင်း ပါဝင်မှု မြင့်မားခြင်း

ပဲစောင်းလျားသီးမှာ ပရိုတင်းဓာတ် ပါဝင်မှု့ မြင့်မားတာကြောင့် သက်သက် လွတ် စားသူတွေ အတွက် သင့်တော်ပါတယ်။

Tip

ပဲစောင်းလျားသီး ၀ယ်တဲ့အခါ ညှိုးနေတဲ့ အမျိုးအစား မ၀ယ်ပါနဲ့။ ပဲစောင်းလျားသီးမှာ အညိုရောင် အစက်တောင် မပါသင့်ပါဘူး။
ပဲစောင်းလျားသီး ၀ယ်လာပြီး သိမ်းထားချင်ရင် အကောင်းဆုံးနည်းက ပလတ်စတစ်အိတ်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင်2-3ရက်လောက် အထားခံပါတယ်။
ပဲစောင်းလျားသီးကို မချက်ခင်ရေအေးနဲ့ သေချာဆေးကြောပါ။
ပဲစောင်းလျားသီးကို ပရိုတင်းဓာတ် အားဖြည့်တဲ့ အနေနဲ့ စားနိုင်ပါတယ်။

ကြယ်စင်
By Good Health
သဘာဝအားအင်
Credit >> Bagan Online Media

No comments:

Post a Comment