Saturday 9 November 2013

ဟာသများ စုစည်းမှု ၂



Myanmar Online News
(18+ )
ဟာသ အမြင်လေးနဲ့ သာမြင်ပေးကြပါနော် ..
Friday, November 8, 2013

တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက် testis ရှိရာကပ်ပယ်အပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။

ဆရာဝန် မှစစ်ဆေးပြီးနောက်.......

" မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ "

ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။

တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။
...
ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။

နောက်တစ်လခန့်....ကြာသော်..... အမျိုးသား အင်္ဂါ ပါထပ်စိမ်းလာသောအခါ ဆရာဝန်ထံသို့....ထပ်သွားပြသည်။ ဆရာဝန်က......

"အသက်အန္တရယ်မစိုးရိမ် ရအောင် ဖြတ်လိုက်ပါ " ဆိုသဖြင့်.....

ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။

ဖြတ်ထုတ်ပီး.... နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင် လုံးစိမ်းလာပြန်လေ၏။

ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။

ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်....ဖြေးဖြေးချင်း ပြောလိုက်တာကတော့....

"အတွင်းခံသာ လဲလိုက်ပေ တော့ငါ့ညီ.....
လက်စသတ်တော့ ငါ့ညီအတွင်းခံက အရောင် တွေ ကျွတ်..ကျွတ်နေတာကို ထင်တော့ထင်သား.." ဟူ၏

စိတ္တဇ ဟာသများ
credit to original writer
 
=   =   =
Today Myanmar
အဆောင် ကောင်းလေးပါ ... ပရိတ်သတ်ကြီး လိုချင်ရင် မောင်သော် ဆီမှာ လာတောင်းနော် ..

တခါတုန်းက လူတ‍ယောက်က အန္တရာယ်ကင်းတယ် အစွမ်းထက်တယ်ဆိုတဲ့ နတ်ရုပ်က‍လေးကို လည်ပင်းမှာ ဆွဲထားတာ‍ပေါ့,,

ဒါ‍ပေမယ့် တ‍နေ့မှာ သူဟာ ဆိုင်ကယ်‍မှောက်ပီး ‍သေဆုံးသွားတယ် ,,

သူ‍သေသွားပီ ၀ိဥာည်ဘ၀မှာအဲဒီနတ်နဲ့သွား‍တွေ့တယ် ,,

ခင်ဗျားက ကျုပ်ကို‍စောင့်‍ရှောက်မယ်ဆို ခု‍တော့ ကျုပ်မှာဆိုင်ကယ်‍မှောက်ပီး‍သေရပီ။
, ,,
နတ်က ‍ပြန်‍မေးတယ်,,

မင်းက ဆိုင်ကယ်ကို ဘယ်နှကီလို‍မောင်းတာလဲ,,,

,“ကီလို 120 နဲ့‍မောင်းတာ‍လေ,,”
,
“‍အေး ငါက ကီလို 80 မှာတင် ဆင်း‍နေခဲ့တာကွ,,,,,

Credit - Original Writer

~ မောင်သော်
အထာကျတဲ့ အာဂ ဟာသများ
 
=   =   =
Myanmar Online News
တော်လိုက်တဲ့ ဘာသာပြန်ဆရာ ( ဟာသလေးပါ )
Friday, November 8, 2013

How Old are You မင်းဘယ်လိုအိုသွားတာလဲ

How long have you been in Singapore မင်းကစင်ကပူမှာဘယ်လိုရှည်လာတာလဲ

Quite well တော်တော်လေးကေင်းတဲ့ရေတွင်း

well Done ရေတွင်းပြိးသွားပြီ

Quite right တော်တော်လေးကောင်းတဲ့ညာဘက်

Turn right အမှန်ကိုလှည့်ပါ

Turn left အမှန်ကိုလှည့်ပြီးထားခဲ့

Hand round လက်ကိုပတ်ပါ

By the way လမ်းမကြီးအားဖြင့်

Next door နောက်တံခါးတချပ်

How’s Going ဘယ်လိုသွားမှာလဲ

Get into bed အိပ်ယာထဲဝင်သည်

Dressing table စားပွဲခုံအ၀တ်လဲနေသည်

Getting Out အပြင်တွင်ရသည်

Getting in အထဲတွင်ရသည်

All right အားလုံးညာဘက်

Make up your mind မင်းစိတ်ကိုမိတ်ကပ်လိမ်းပါ

Try on အပေါ်တွင်ကျိုးစားပါ

To day what is your brakefast ဒီနေ့မင်းပထမဆုံးဘာကိုချိုးလိုက်တာလဲ

Keep an eye မျက်လုံးတဘက်သိမ်းထားပါ

Long gone အရှည်ကြီးသေသွားပြီ

Switch on အပေါ်တွင်ဖွင့်သည်

Watch out အပြင်မှာစောင့်ကြည့်သည်

Go out with date နေ့စွဲနှင့်အပြင်ထွက်သည်

Everything will be all right အားလုံးညာဘက်တွေဘဲဖြစ်သွားမှာပါ

I am not feeling well ငါဘယ်လိုမှ ရေတွင်းကိုခံစားလို့မရဘူး

Hurry up အပေါ်မြန်မြန်လုပ်

Poor you မင်းဆင်းရဲလိုက်တာ

Back off နောက်ဘက်ကိုပိတ်ပါ

မျက်နှာလာမလုပ်နဲ့ Non’t do face

ကျွဲပါးဆောင်းတီးမလုပ်နဲ့  Don’t pay gita near buffalo

မောင်သုည

ရီသောသူအသက်ရှည်၏
 
=   =   =
Myanmar Online News
" ကြောက် လိုက် တာ "
Thursday, November 7, 2013

ည ၁၀ နာရီခန့် တွင် အမျိုးသမီးတစ်ယောက် ပန်းခြံကို ဖြတ်ပြီး လမ်းလျှောက်လာသည် ။

ရုတ်တရက် အမိန့် ပေးသံ ကြားလိုက်ရသည် ။

" ရပ်လိုက်စမ်း "

အမျိုးသမီး တုံ့ ကနဲ ရပ်သွားသည် ။

" မှောက်လိုက်စမ်း "

အမျိုးသမီး မြေပေါ် မှောက်လိုက်သည် ။

" တွားသွားစမ်း "

အမျိုးသမီး တွားသွားသည် ။

ထိုစဉ် မိမိ၏ နားနားကပ်ပြီး စိုးရိမ်စွာ မေးသံ ကြားရသည် ။

" ဒီမှာ ခင်ဗျာ..

ခင်ဗျား..နေမကောင်းဘူးလား ဟင်...ကျနော် ဘာကူညီပေးရမလဲ..
ကျနော်က ကျနော့်ခွေးနဲ့  ကစားနေတာ..
ခင်ဗျား..တွားသွားနေတာ တွေ့ လို့  တစ်ခုခုများ ဖြစ်သလားလို့  မေးတာပါ..."

Credit to Original Uploader

အဓိပ္ပါယ် ရောက်ချင်ရာရောက် ဟာသများ
=   =   =
Myanmar Online News
ကျုပ်တို့ မုံရွာက တရားရုံးမှာ

အရက်မူးသမား တစ်ယောက်ကို တရားခံဘက်ကနေ သက်သေထွက်ပေးဖို့ ခေါ်လာတယ်။

တရားသူကြီးရှေ့မှာ ကျမ်းကျိန်ခိုင်းရော။

အရက်မူးသမားကလည်း အရက်သောက်ထားတဲ့ အရှိန်ထွေထွေလေးနဲ့

“ဤအမူတွင် မမှန်မကန် ထွက်ဆိုပါက ”

ဖြည်းဖြည်းနဲ့ လေးလေးပင့်ပင့် ဆိုနေရင်းက

“တရားသူကြီးနှင့် အတူ ကျမ်းစူးပါစေသား”

အဲဒီစာသားကြတော့ အမြန်ဆိုလိုက်တာကိုတောင် တရားသူကြီးက ကြားသွားတယ်။

“ဟေ့ ကောင် ဘာရယ်.... ပြန်ဆိုစမ်း”

“ဤအမှုတွင် မမှန်မကန် ထွက်ဆိုပါက တရားသူကြီးနှင့်အတူ ကျမ်းစူးပါစေသား”

========
အောင်နေမျိုး
========

ဟာသလေးများ. . . .
=   =   =
Myanmar Online News
မြန်မြန်ခုန်ပါတော့
Wednesday, November 6, 2013

မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက် တိုက်၏ ခေါင်မိုးပေါ်မှ ခုန်ချရန်ပြင်နေသည်။

အောက်မှလူအုပ်သည် အပေါ် စိုးရိမ်စွာ မော့ကြည့်နေကြသည်။

မိန်းမတစ်ယောက်က ဘေးလူကိုပြောသည်။

“ဘုရား.. ဘုရား၊ နောက်ငါးမိနစ် အတွင်းသာ သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျမှာ သေချာပြီ”

ဦးမောင်ကြီး

cr >> original writer

အထာကျတဲ့ အာဂ ဟာသများ
=   =   =
Myanmar Online News
ဘယ်သူ့ကို ထင်လို့လဲ
Wednesday, November 6, 2013

ရန်ကုန်မြို့လည် လူစဉ်ကားသောကားဂိတ်တစ်ခုတွင်ဖြစ်သည်။

အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။

“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ
ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´

ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး
အဘိုးကြီးကိုမေးသည်။

“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´

“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´

ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။

မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့ လိုက်လာပြီး အမောတကော မေးသည်။

“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ် ထင်လို့လဲဟင်´

cr >> original writer
အထာကျတဲ့ အာဂ ဟာသများ
=   =   =
 
Myanmar Online News
“ချစ်လွန်လွန်းလို့”
Wednesday, November 6, 2013

ဇနီး.....။ ။ ရှင့်အကျင့်တွေ မပြင်ဘူးဆိုရင် ကျမ သေလိုက်တော့မယ်
ခင်ပွန်း ။ ။ မင်းသေရင် ငါပါသေမှာ
ဇနီး.....။ ။ ရှင်က ဘာလို့ သေမှာလဲ
ခင်ပွန်း ။ ။ အပျော်လွန်ပြီးတော့လေ

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
=   =   =
Myanmar Online News
ခုခေတ်နဲ့ တော့ ကွက်တိပဲ .. တစ်ခုခုဖြစ်ရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပဲ ဖွဲ့ ချင်နေကြတယ် .. အရမ်းထိမိတဲ့ သရော်စာ လေးပါ ..
Wednesday, November 6, 2013

“ အဖေ”
“ဟေ....ဘာလဲသား”
“ကျောင်းမှာ သား ခဲတံပျောက်သွားလို့”
“ဟင်...မင်းဆရာမကို သွားမတိုင်ဘူးလား”
“တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ”

“အေး...သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ”
“ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲဖွဲ့ခိုင်းတယ်အဖေ၊ အဲ့ဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကို ဆင့်ခေါ်ပြီး ဆရာမ စိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့”
“အင်...အဲ့ဒီလို လုပ်လို့ အဆင်ပြေပါ့မလား သားရဲ့”
“ပြေတယ် အဖေရ”
“ဟုတ်ရဲ့လား....ဘယ်လိုပြေတာတုန်း”
“သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမဆီကို စစ်ဆေးပြီး ရလာတဲ့ အဖြေကို စာတင်ရတယ်အဖေရဲ့”
“အဲ့ဒီတော့ သားခဲတံပြန်တွေ့ရောလား”
“တွေ့တော့ မတွေ့ဘူးအဖေ....ဒါပေမယ့် သားကျေနပ်တယ်”
“ဟင်....ဘယ်လိုကြီးတုန်း သားရဲ့”
“အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ....သားရဲ့ခဲတံဟာ အိမ်ကနေ ကျောင်းအထိပါလာတာမသေချာကြောင်း၊ သေချာပါကလည်း မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ မတွေ့သောကြောင့် အတန်းထဲတွင်ပျောက်တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်းစားကြည့်သောအခါ ကာယကံရှင် အားမေးမြန်းချက်အရ မည်သည့် နေရာကိုမှ မယူသွားကြောင်းထွက်ဆိုခြင်းကြောင့် အတန်းထဲရှိထောင့်တစ်နေရာများကျနေနိုင်ကြောင်း၊ သို့သော် တစ်ခန်းလုံး အားပိုက်စိပ်တိုက် ရှာကြည့်သောအခါ မည်သည့်နေရာမှ ရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသောခံတံအားရှာဖွေရန် ပြီးမြောက်ဖို့ အတွက် အောက်ပါ အချက်များထဲမှ နည်းလမ်းတစ်ခုအားဆောင်ရွက်သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည်။

(1) ပျောက်ဆုံးသွားသော ခဲတံအား အသစ်ပြန်ဝယ်ပေးခြင်း

(2) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံဖြည့်တင်းပေးရန်

(3) ပျောက်သွားသောခဲတံအား ထပ်မရှာပဲ နေခြင်း တို့ ဖြစ်ပါသည်။
လို့ ဆိုထားတယ်အဖေ”

“ဟ...မင်းတို့ ဟာက ရှည်လျှားလှပါလား၊ ပျောက်နေတဲ့ ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာကလည်း ဘာကိုဆိုလိုမှန်း မသိဘူး”
“ ဒါပေမယ့် သားကျေနပ်တယ် အဖေ”
“မင်းကလည်း ကျေပဲ ကျေနပ်နေတာပဲ.... ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ်တာလဲ”
“အဖေပဲ စဉ်းစားကြည့်လေ”
“အင်း... ငါက ဘာကိုစဉ်းစားရမှာလဲ”
“သားခဲတံပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင်၊ အခုလို သားအတွက် အစီရင်ခံစာ အရှည်ကြီး ဖတ်ရတော့ သားတန်တာပေါ့ အဖေရဲ့ ၊ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာ မသင်ရဘူးလေ... အဲ့ဒါကျေနပ်စရာပေါ့ အဖေရဲ့... အဖေက ဒါလေးတောင်မသိဘူး”

Credit - Original Writer

~ မောင်သော်

No comments:

Post a Comment