Friday 18 July 2014

“ဗိုလ်အောင်ဆန်းသို့ တမ်းချင်း”



ဇူလိုင် 19 လို့ မော်ကွန်းထိုးရက်ခဲ့တယ်...
ရှေ့ဆောင်လမ်းပြ တမ်းတအောင်လည်း
သူလုပ်တယ်...
ရင်မှာစွဲငြိ တမ်းတခြင်းအတိဆိုတာ
ဒီနေ့ထက်တိုင်ထိပါပဲ...
ဒါပေမဲ့..
ပညာဆိုတဲ့ ဦးနှောက်အဟာရ
ချစ်ပြည်သူတွေအတွက် စားဝက်နေရေး
လက်ရှိခေါင်းဆောင်တွေ သွေးအေးနေနိုင်ရက်တာ
ပြောမဆုံးပေါင် တောသုံးတောင် အံ့သြမဆုံးနိုင်ဘူး
ဗိုလ်ချုပ်နဲ့ ယနေ့ခေတ်ခေါင်းဆောင်
ဆီ နဲ့ ရေ လို ဒွိဟ ဆန့်ကျင်ဘက်တွေ
နေရာတိုင်းမှာ ဒုက္ခတွေ ဒု နဲ့ ဒေး
တိုင်းရေး ပြည်ရေးမှာ သွေးရောင်လွှမ်းတိုင်း
ရင်ထဲက တမ်းတစိတ်က မျက်ရည်တွေ ပေါက်ဖွားလို့...
အတောမသတ်နိုင်သေးဘူး..
တမ်းတတယ် ဗိုလ်ချုပ်ရေ......
ခင်များ ထားခဲ့တဲ့ စစ်ပညာဆိုတာက
ခင်များထင်သလို တိုင်းပြည် ကာကွယ်ဖို့ မဟုတ်
ကိုယ့်အိတ်ဖောင်းရုံသာ ကိုယ်လုပ်တဲ့ ပြယုဂ်သပ်သပ်ပဲ ဆိုတာ
လက်ညိုးထိုး ပြောစရာမလိုဘူး
သူတို့တွေ လုပ်ရပ်တိုင်းက အရာတော့ထင်တယ်..
အရာတော့ အရာပဲ..ဒါပေမဲ့
သွေးမတိတ်နိုင်တဲ့ ဒါဏ်ရာတွေ ဖြစ်နေတယ်..
တမ်းတတယ် ဗိုလ်ချုပ်ရေ...
ကျုပ်တို့ လူမျိုး..
ကျုပ်တို့ ဘာသာ ..
ကျုပ်တို့ သာသနာ..ဆိုတာ
ရန်သူဝိုင်းနေတဲ့ ယုန်သူငယ်လေးလိုပဲ
နေရာတိုင်းမှာ မျက်နာငယ်လို့..
တမ်းတတယ် ဗိုလ်ချုပ်ရေ..
ခင်များကို တမ်းတတိုင်း ကျုပ်ဒီလို စာတွေ ရေးရမယ်ဆိုရင်တော့
ကီးဘုတ် နဲ့ လက်ချောင်း ဗြောင်းဆန်အောင် စုတ်ဖွာသွားလည်း
ဆုံးခမ်းတိုင်မှာ မဟုတ်ဘူးးးးး

အရှင်ဝေပုလ္လ
မဟာချူလာလောင်ကွန်းတက္ကသိုလ်
ထိုင်းနိုင်ငံ

No comments:

Post a Comment