Tuesday 29 July 2014

စားသောက်ပွဲတွေက ဇွန်းနဲ.ခက်ရင်းသင်္ကေတများများရဲ့ လျို့ဝှက်ချက်


ားသောက်ပွဲတွေက ဇွန်းနဲ.ခက်ရင်းသင်္ကေတများများရဲ့ လျို့ဝှက်ချက်
အနောက်တိုင်း စားသောက်ဆိုင် တွေမှာ စားတဲ့အခါမှာ ဇွန်း၊ ခရင်း သင်္ကေတ ကို ကြည့်ပြီး Waiter တွေကို Sign Language နဲ့ ပြောတာလေးတွေပါ..
တစ်ခါတစ်လေ ကိုယ်က စားနေတုန်း.....
ဖုန်းလာတာတို့၊ အခြားသူငယ်ချင်း တစ်ယောက်ကို အပြင်မှာတွေ့လို့ စားသောက်ဆိုင်ထဲက အပြင်ကို ခဏထွက်သွားလိုက်တယ်.. ကိစ္စပြီးလို့ စားပွဲဝိုင်းကို ပြန်လာတဲ့အခါမှာ Waiter က သိမ်းသွားပြီ

အဲဒီလိုအခါမျိုးမှာ ဇွန်း၊ ခရင်း သင်္ကေတ ပြထားခဲ့ရင်တော့ ပြန်လာရင် ဆက်စားလို့ ရပြီလေ... မိမိကိုယ်စား.. ဇွန်းခက်ရင်းက ၀န်ဆောင်မှုပေးသူကို နားလည် သဘောပေါက်စေပါတယ်…။
စားသောက်ပွဲတွေမှာ.. ဇွန်းနဲ.ခက်ရင်း အမှတ်အသားပြု ထားခြင်းမျိုးတွေက မိမိကို ၀န်ဆောင်မှု ပေးနေသူများကို ကြားခံစကားအဖြစ် အသုံးပြုလို.ရပါတယ်
(၁) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ.ခက်ရင်း ဦးခေါင်းပိုင်းတွေကို ထိစပ်ထားပြီး.. လက်ကိုင်တွေကို အောက်ဖက်မှာ ခွဲထားခဲ့မယ်ဆိုရင် စားနေတုန်း၊ မပြီးသေးဘူးဆိုတဲ့အဓိပ္ပာယ် သက်ရောက်ပါတယ်…။

(၂) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ.ခက်ရင်းကို အပေါင်းလက္ခဏာ လုပ်ပြထားတယ်ဆိုရင်တော့.. ဒုတိယမြောက် ပာင်းပွဲကိုစားတော့မယ်၊ ယူလာပေးလို.ရပြီ ဆိုတဲ့အဓိပ္ပာယ်ရပါတယ်…။

(၃) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ.ခက်ရင်းကို ကန်.လန်.ဖြတ်ထားလိုက်တယ် ဆိုရင်..
စားပြီးတဲ့ပာင်းပွဲက ကောင်းတယ်၊ အရသာရှိတယ်လို. တိတ်တဆိတ်ချီးကျူးထားတာ ဖြစ်ပါတယ်..။

(၄ ) ပန်းကန်ပြားပေါ်မှာ ဇွန်းနဲ.ခက်ရင်းကို မျက်နှာမူရာအရပ်သို. အလျားလိုက်အ
ပြိုင်တင်ထားတယ်ဆိုရင်တော့ စားလို.ပြီးပြီ.. သိမ်းသွားလို.ရပြီလို. အဓိပ္ပာယ်ရပါတယ်...။

(၅) ပန်းကန်ပြားပေါ်မှာ.. ခက်ရင်းခွထဲကို ဇွန်းညှပ်ထားပြီး ကြက်ခြေခတ် အမှတ်အသားပြုတယ် ဆိုရင်တော့.. ဒီပာင်းပွဲက.. အရသာမရှိဘူး.. စားမကောင်းဘူး၊ မနှစ်သက်ဘူးလို. ပုံဖော်ပေးပါတယ်…။
www.bellbagan.com

No comments:

Post a Comment