Saturday 19 July 2014

ဒို့ ဗိုလ်ချုပ် အောင်ဆန်းလေ။



A . ဟေ့ကောင် ကျော်စိန်
ဟိုမှာပုလိပ်လက်ပြတဲ့အတိုင်းမောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်
K. ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်
A .ဟေ့ကောင် ငါကငါ ဥပဒေက ဥပဒေကွ
K. စက်ရပ်သွားပြီ ဗိုလ်ချုပ်
A. ဟေ့ကောင် နေဝင်း ဆင်း ။ ဒို့ နှစ်
ယောက် ကားတွန်းရအောင် ။။။
====
A. ကြည် အိမ်ကကိုယ့်ရဲဘော်တွေကို
ဈေးခြင်းတောင်းမဆွဲခိုင်းပါနဲ့
သူတို့က နိုင်ငံတော်အတွက်ကွ
Kh. ကြည် မခိုင်းပါဘူး မောင်ရယ်
သူတို့ဟာသူတို့ လုပ်ပေးတာပါ
A. ဘာပဲ ဖြစ်ဖြစ် နောက်မမြင်ချင်ဘူး
====
Sh.ဒီရွှေဒင်္ဂါးတွေကို နင် လိုရာသုံးဖို့
ငါ လာလှူတာ ဝေ့ ဗိုလ်ချုပ်
A. ထားခဲ့ပါ ရှမ်းကြီးရယ် မနက်ကျတော့
ဖဆပလ ကို ကျုပ်ပို့ပေးမယ်
=====
A. လွပ်လပ်ရေးရရင်တော့ ခြံလေးစိုက်ပြီး
စာပဲရေးနေချင်တာဗျာ၊ မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား၊ ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး။။ ခြံမရှိရင်နေ ကလေးတွေကိုတော့ ကျောင်းကောင်းကောင်း ထားချင်တယ်ဗျာ။ အငယ်ဆုံးသမီးလေးကို နားကပ်လေးတစ်ရံ ခမည်းပေးဖို့ နတ်မောက်က အမေ့ဆီ ပိုက်ဆံ လှမ်း မှာထားရတယ်
======
N. မမကြည် အိမ်မှာ ဆန် ဆီ ပြတ် သွားရင် ကျနော့်ကိုပြောနော် လာကန်တော့လို့ လက်ခံရင် မင်းကို အရင် ထောင်ချပစ်မယ်လို့ ဗိုလ်ချုပ်က ကျနော့်ကို ကြိမ်းထားတယ်
Kh. စိတ်ချပါ ကိုနေ၀င်းရယ်။ အဲလိုတွေ ရှိလို့လား။ ကန်တော့တယ်ဆိုတာ လက်အုပ်ချီပြီး သြကာသ ဆိုတာ မဟုတ်ဘူးလား။။။
=======
N. မမကြည် ဗိုလ်ချုပ်ကော
Kh. အိပ်နေတယ်
N. လူကြီးတွေစောင့်နေတာကြာပြီ ခေါ်ပေးပါလား
Kh. ကျမ မနှူိးရဲဘူး
===========
A. မင်းနာမည်
C. ချမ်းမြေ့
A. အသက်
C. ၁၆
A. ပညာ
C. ၉ တန်း
A. ငယ်သေးတယ်
ပညာဆက်သင်
တပ်ထဲမ၀င်နဲ့
==========
A. အကိုကြီး
မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို ကျုပ်ကချစ်တယ်လို့ လက်ထပ်ချင်တယ်လို့ ခု မြန်မြန်သွားပြောဗျာ အချိန်မရှိဘူး ကျုပ်မှာ အလုပ်တွေရှိသေးတယ်။။
=======
A. အေးဗျာ အလုပ်ကရှုပ် ငွေက မရှိပါဘူး ဆိုမှ ကလေးကလည်း မွေးလိုက်တာ တစ်နှစ်တစ်ယောက်ပဲဗျို့ ဟားဟား
====
Nurse . မမကြည် ဂျူတီချိန်းရအောင် ဗိုလ်ချုပ်ကို သမီးကြောက်တယ်
ကြည် . ရပါတယ်ကွယ် ဗိုလ်ချုပ်ကို
မမကြည် ကြည့်လိုက်ပါ့မယ်။

No comments:

Post a Comment