Tuesday 29 July 2014

သင် ဒါတွေ သိရဲ့လား



၁) တစ်စုံတစ်ယောက်ကို ရင်းနှီးလာတဲ့အခါ တခြားအရာတွေထက် မျက်လုံးတွေကိုကြည့်ပြီး ခွဲခြားဆန်းစစ်မှု အရင်ဆုံးပြုလုပ်တတ်ကြပါတယ်...
၂) လူတွေဟာ ပျမ်းမျှအားဖြင့်ဆိုရင် မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စတွေထက် ဂီတကိုပိုပြီး စွဲလမ်းတတ်ကြပါတယ်...
၃) တခြားလူတွေ အသက်ရှူတဲ့အသံ ဒါမှမဟုတ် စားသောက်နေတဲ့အသံတွေကိုနားထောင်ရင်း စိတ်ဆိုးဒေါသထွက်တာကို Misophonia လို့ခေါ်ပါတယ်... တကယ်တော့ ဒါဟာ ဦးနှောက်ကစဉ့်ကလျားဖြစ်တဲ့ရောဂါတစ်မျိုးပါပဲ...
၎) & ဆိုတဲ့ သင်္ကေတကို Ampersand လို့ခေါ်ပြီး အရင်တုန်းက အင်္ဂလိပ်အက္ခရာရဲ့ ၂၇ လုံးမြောက်ဖြစ်ခဲ့ဖူးပါတယ်...
၅) ကိုယ်လုံးတီးအိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြင့်တက်စေတယ်လို့ တစ်ချို့စိတ်ပညာရှင်တွေက အဆိုပြုထားကြပါတယ်...
၆) ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်တွေအနက် သန်းပေါင်းများစွာသောသစ်ပင်တွေဖြစ်လာကြတဲ့နည်းလမ်းကတော့ ရှဥ့်တွေက သစ်စေ့တွေကို မြှုပ်ထားပြီး ဘယ်နေရာမှာ မြှုပ်ခဲ့တယ်ဆိုတာကိုမမှတ်မိတော့တဲ့အတွက် အပင်ပေါက်လာကြတာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်...
၇) သင်ချစ်မြတ်နိုးတဲ့သူတစ်ယောက်ကိုကြည့်တဲ့အခါ မျက်စိသူငယ်အိမ်ဟာ ၄၅ ရာခိုင်နှုန်းကျယ်ထွက်လာပါတယ်...
၈) အပြုအမူဆိုင်ရာလေ့လာချက်တစ်ရပ်အရ ငေါ့တတ် ရွဲ့တတ်တဲ့လူမျိုးတွေဟာ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ပိုပြီးကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်ကြပါတယ်...
၉) ချစ်ခြင်းမေတ္တာတရားမှာ လိင်ကိစ္စဟာ အဓိကမကျပါဘူး... လိင်ကိစ္စကိုအဓိကထားမယ်ဆိုရင်တော့ သင်တို့ရဲ့ အချစ်ခရီးလမ်းဟာ ကျဆုံးပျက်ပြားသွားပါလိမ့်မယ်...
၁၀) Zell Kravinsky ဆိုတဲ့လူတစ်ယောက်ဟာ သူပိုင်ဆိုင်သမျှပစ္စည်းဥစ္စာ (အမေရိကန်ဒေါ်လာ ၄၅ သန်း) ကို လှူခဲ့သလို အဲ့ဒီအလှူအပြီးမှာ သူ့ရဲ့ ကျောက်ကပ်ကို လူစိမ်းတစ်ယောက်ကို လှူခဲ့ပါသေးတယ်...
၁၁) Roy Sullivan ဆိုတဲ့သူဟာ မိုးကြိုး ၇ ကြိမ်အပစ်ခံရပေမဲ့ အသက်မသေခဲ့ပါဘူး...
၁၂) လူတွေဟာ BC 4700 ကတည်းက ပြောင်းဖူးပေါက်ပေါက်တွေစားခဲ့ကြပါတယ်...
----------------------------------------------------------------
Ref: Crazy Facts

The Express Times

No comments:

Post a Comment