Friday 18 July 2014

တို့ဗိုလ်ချုပ်



ကဗျာကို တင်ပေးတဲ့ဆရာတော်ကို ခွင့်တောင်းစာ ပို့ထားပါတယ် အားလုံး ပိုမိုဖတ်ရှုနှိုင်ရန်ပါ

နတ်မောက်
မင်းဘာမှထပ်မလုပ်နဲ့ 
ထိန်လင်းကို
တို့ ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်
တာဝန်ကျေပြီ။
ခင်ကြည်
ညည်းယောက်ျားကို
သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့ 
ရွှေကလေး တပဲတမူးတောင်
အမေအိုဆီ
လက်ဖြန့် တောင်းတဲ့လူသား
နိုင်ငံ့ခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းကစိတ်မပျက်စေနဲ့ ။
ဗိုလ်ထွန်းလှ
ခင်ဗျားဆရာကိုကြည့်ပြောအုံး
လမ်းဘေးမှာ
အကြော်ဝင်စားနေတာ
နှောင်းလူတွေသိရင်
မျက်နှာမထားတတ်အောင်
ရှက်နေရှာအုံးမယ်။
ဆရာတော် ဦးသောဘိတ
ဒီတခါကြမ်းတမ်းမိလို့ 
ဒီကလေးကို မရိုက်ပါနဲ့ 
ရရင်ရ မရရင်ချဆိုတာ
တပည့်တော်တို့ အတွက်ပါ
ဘုရား။
ဦးဘဝင်း
ခင်ဗျား ညီအငယ်ဆုံးလေးကို
ခွင့်လွှတ်ပေးပါ
သူပြောခိုင်းတဲ့
ရည်းစားစကားပြောပေးလိုက်ပါ
စစ်သားကြီးအသဲက
ဆေးရုံပေါ်မှာကျန်ခဲ့ရရင်
ကျနော်တို့ ဘဲ နစ်နာမှာ။
ရဲဘော်ကျော်စိန်
ခင်ဗျားကားမောင်းရင်
သတိကိုငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ
ကျုပ်တို့ ရဲ့အတိတ်ကြီး
ပစ္စပ္ပန်ကြီး အနာဂတ်ကြီး။
ဟေ့လူ
ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ
သူ့ ဟာသူ
ငါးမူးတန်းကကြည့်ကြည့်
တမတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့ 
ဘဝမှာအပန်းဖြေနည်း
လက်တဖက်မပြည့်ခဲ့တဲ့လူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါ
စေဗျ။
ဗိုလ်မှူးကြီးဆူဇူကီး
တွေ့ တယ်မလား
ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကိုလဲ တိုက်သင့်ရင်
တိုက်ရမှာဘဲလို့ ပြောခဲ့တဲ့
အညာသားလေးကို
အဲ့သတ္တိ အဲ့စကားကို
သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ
ပြောရဲတာ
တကောင်မှမရှိဘူး။

မစိုးရိမ် ဓမ္မကာမအရှင်

No comments:

Post a Comment